Movie Name
My Liberation Notes (2022)
Year
2022
Generes
Drama, Romance
Code
SKR0656
Type
Series
Size
7.69 GB
Country
Korea
Description
1-16 Completed ဒီကားလေးကတော့ ရာသီဥတုကားနေရာမှာ အစားလာတဲ့ကားလေးဖြစ်ပြီး main cast တွေအနေနဲ့ Lee EI, Lee Min ki, Kim Ji Won, နဲ့ Son Suk Ku တို့ပါဝင်ထားပါတယ်။ မောင်နှမသုံးယောက်နဲ့ သူစိမ်းတစ်ယောက်တို့ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ~ လာရောက်နေထိုင်သူထက် ပြောင်းရွှေ့ထွက်ခွာသူက ပိုများနေတဲ့ Sanpo ဆိုတဲ့ရွာလေးမှာ Yeom မောင်နှမသုံးယောက် နေထိုင်ပါတယ်။ Yeom Ki Jung – မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သွေးဆူလွယ်တဲ့ စရိုက်ရှိသူပါ။ Sanpo ရွာကနေ ဆိုးလ်ကအလုပ်ဆီ နေ့တိုင်းကူးသန်းသွားလာနေရလို့ အချိန်အမြောက်အမြား ကုန်ဆုံးနေသူဖြစ်ပါတယ်။ ဘဝကြီးက စိတ်မကျေနပ်မှုတွေနဲ့ပြည့်နေပြီး အချစ်ကို ရှာဖွေချင်နေတဲ့သူတစ်ယောက်ပါ။ Yeom Change Hee – အလတ်ကောင်လေးဖြစ်တဲ့သူကတော့ အိမ်ကနေ ထွက်ပြေးချင်နေပါတယ်။ ဒါပေမယ့် အိပ်မက်မရှိဘဲ ဘဝကြီးကို အဓိပ္ပာယ်မဲ့ကုန်ဆုံးနေလို့ မိသားစုရဲ့အထင်သေးခံနေရတဲ့သူလေးပါ။ Yeom Mi Jung – အငယ်ဆုံးညီမလေးကလည်း ပျင်းရိစရာကောင်းတဲ့ ဘဝကြီးကနေ လွတ်မြောက်ချင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ရှက်ကြောက်တတ်တဲ့သူလေးဖြစ်တာကြောင့် အထီးကျန်ပြီး မပျော်ရွှင်ဖြစ်နေသူလေးတစ်ယောက်ပါ။ ဒီမောင်နှမသုံးယောက်စလုံးရဲ့ တူညီတဲ့အချက်ကတော့ မွန်းကြပ်ဖို့ကောင်းတဲ့ ဘဝကြီးကနေ လွတ်မြောက်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ရက် သူတို့အိမ်နားကို Mr.Goo ဆိုတဲ့ အရက်သမားတစ်ယောက် ရောက်ရှိလို့လာပါတယ်။ ထူးခြားဆန်းကြယ်တဲ့လူဖြစ်နေလို့ သူ့ရဲ့လက်တွေ့ဘဝအကြောင်းကို မောင်နှမသုံးယောက်လုံးက သိချင်နေပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဘဝထဲ သူစိမ်းတစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့ Yeom မောင်နှမသုံးယောက်ရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှူစားလိုက်ကြပါဦးနော် …