-
Movie Name
-
Royal Feast (တိုင်တည်ထာဝရသုရသ) (2022)
-
Year
-
2022
-
Generes
-
Drama, Historical
-
Code
-
SC0529
-
Type
-
Series
-
Size
-
11.8 GB
-
Country
-
China
-
Description
-
1-40 Completed
ဘာသာပြန်တင်ဆက်ဖို့ ရွေးချယ်ထားတဲ့ ကားလေးကတော့
နန်းတွင်းကားတွေကို ကြိုက်နှစ်သက်သူတွေ သဘောကျစေမယ့်
နန်းတွင်းအစားအစာတွေကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ကားလေ
း Royal Feast ပဲ ဖြစ်ပါတယ် ဒီကားလေးထဲမှာတော့
Story of Yanxi Palace ထဲက မင်းသားချော Xu Kai နဲ့
မင်းသမီးချော Wu Jinyan တို့က မင်းသား Zhu Zhanji နဲ့
စားဖိုဆောင်က နန်းတွင်းသူလေး Yao Zijin တို့အဖြစ်
အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ မင်ခေတ်မှာ တိုင်းပြည်ဟာစည်ပင်ဝဖြိုးပြီး
တိုင်းတစ်ပါးကသူတွေနဲ့လည်း အဆက်အဆံလုပ်ရတာကြောင့်
ယုံလဲ့ဘုရင်ဟာ သာမန်လုပ်ထုံးတွေနဲ့မတူဘဲ နန်းတွင်းမှာ
စားတော်ပွဲကောင်းကောင်းတည်ခင်းနိုင်ရန် အချက်အပြုတ်စွမ်းရည်ရှိတဲ့
မိန်းကလေးတွေကို ရွေးချယ်ပြီး စားဖိုဆောင်မှာ ခစားစေခဲ့ပါတယ်
ကောင်းမွန်တဲ့မိသားစုကလာသူYao Zijin ဟာ အချက်အပြုတ်
အချုပ်အလုပ်စွမ်းရည် ရှိသူဖြစ်တာကြောင့် နန်းတွင်းစားဖိုဆောင်မှာ
ခစားခွင့်ရခဲ့ပါတယ် နန်းတွင်းထဲကိုရောက်ပြီးနောက်မှာ
Yao Zijinဟာတော်ဝင်စားတော်ပွဲအချက်အပြုတ်နည်းပညာကို
ဆက်လက်ဆည်းပူးရင်း မင်းသားတစ်ပါးဖြစ်တဲ့ Zhu Zhanji နဲ့
ဆုံတွေ့ခဲ့ပြီးရင်းနှီးမှုကနေတစ်ဆင့် ချစ်ကျွမ်းဝင်ခဲ့ပါတော့တယ်
ဒီဇာတ်လမ်းလေးဟာဆိုရင် မင်ခေတ်က အထင်ကရနာမည်ကြီး
မိသားစု သုံးခုအကြောင်းကို ရိုက်ကူးထားတာလည်းဖြစ်ပါတယ်
Yao Zijin ဟာဘယ်လိုအကြောင်းတွေကြောင့် နန်းတွင်းစားဖိုဆောင်မှာ
ခစားဖို့ ရောက်လာခဲ့တာလဲဆိုတာကို နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း
အလှည့်အပြောင်းလေးတွေနဲ့ တင်ဆက်ထားတာဖြစ်တာကြောင့်
နန်းတွင်းကားကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကား
ဖြစ်သည့်အပြင်ကို Story of Yanxi Palace ထဲက Fuca Fuheng နဲ့
Wei Yingluo တို့အတွဲလေးကို သဘောကျတဲ့သူတွေအဖို့ အကြိုက်တွေ့စေမှာဖြစ်လို့
Royal Feast ဆိုတဲ့ နန်းတွင်းကားလေးကို CM ကနေမကြာခင်မှာ
ဘာသာပြန်တင်ဆက်ပေးသွားတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်