Movie Name
Highway (2014)
Year
2014
Generes
Crime, Drama
Code
00115
Type
Movie
Size
1.51 GB
Country
Bollywood
Description
အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် ဒီဇာတ်ကားကို အိန္နိယ ရုပ်ရှင်ကားလို့ မသိခဲ့ပါဘူး။ကြည့်ပြီးခါကျမှ အိန္နိယ ဇာတ်ကားတစ်ကားဆိုတာ သိရှိသွားခဲ့တာပါ။ကြည့်ပြီးတော့ အရမ်းအံ့သြသွားရပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကြည့်ဘူးနေကျ အိန္နိယရုပ်ရှင်တွေနဲ့ ဇာတ်လမ်းသွား တင်ပြပုံက လုံးဝကွဲထွက်နေလို့ပါပဲ။ ကြည့်ပြီးချိန်မှာ လုံးဝရင်ထဲစွဲကျန်ခဲ့ရပါတယ်။ဇာတ်လမ်း တင်ဆက်ပုံက ထူးခြားပါတယ်။ အစပထမမှာ အငြိမ်ရိုက်ချက်တွေနဲ့ လက်ထပ်တော့မဲ့ ဆဲဆဲ အဲဒီကောင်မလေး အိမ်ကအထွက် ဆီဆိုင်မှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး လူဆိုးတွေက ဓါးစာခံအဖြစ် ဖမ်းဆီးသွားပုံကို ခပ်သွက်သွက် ရိုက်ချက်တွေနဲ့ ပရိသတ်ကို ဆွဲခေါ်ပါတယ်။ နောက်တော့မှ ဒါရိုက်တာ အဲဒီကောင်မလေးရဲ့ဖြစ်လိုမှု ကို ဖြည်းဖြည်းချင်းနဲ့ လမ်းဖွင့်ပေးလိုက်တာပါပဲ။ပရိသတ်ကြည့်ရင်း ပျင်းရိသွားနိုင်တာ လေးသွားမှာကို ဒါရိုက်တာက ဂရုမပြု ပါဘူး။အဓိကဇာတ်ကောင်ရဲ ှုဖြစ်တည်လိုမှု ကို သဘာဝကျကျလေးနဲ့ လွှတ်ပေးလိုက်တာပါပဲ။ အဲတော့ စစ်မှန်တဲ့ ရုပ်ရှင်တစ်ခုကို ကျွန်တော်တ်ု့ ချဉ်းကပ်ခွင့်ရလိုက်တာပေါ့ ဗျာ။ကောင်မလေးက ခလေးတစ်ယောက်လို ပျော်တယ်။လမ်းခရီးမှာ သူလုပ်ချင်တာ လုပ်တယ်။ကင်မရာက သူမလုပ်ချင်ရာလုပ်တာတွေကို ဇောင်းပေးသွားတယ်။သူမရဲ့အတိတ်တွေ သူမအိမ်ပြန်နိုင်မယ် မပြန်နိုင်မယ်ဆိုတာတွေလည်း ဇာတ်ပို့တွေစကားလုံးတွေနဲ့ ဇွတ်ထည့်မသွားဘူး။ သူမနဲ့လူဆိုးတွေရဲ့လော်ရီကားကြီး တစ်မြို့ပြီး တစ်မြို့ဖြတ်သွားတာကိုပဲ ရိုက်ပြထားတယ်။ တစ်ခမ်းတစ်နားဆန်တဲ့ သီချင်းဇာတ်ဝင်ခဏ်းတွေလည်း ထည့်မသွားဘူး။နောက်တစ်ခု သဘောကျတာက လူဆိုးဗိုလ်လုပ်တဲ့သူပဲ။ဘာဘူစောင်ကြီးလွှမ်းထားပြီး စကားလည်းသိပ်မပြော ။နှု တ်ခမ်းမွှေးစွင့်စွင့်နဲ့ ခံစားရတဲ့အပြု အမူ ဖော်ပြချက်ကလေးကို မျက်လုံး မျက်နှာပြင်လေးနဲ့ပဲ လုပ်ပြသွားတာ အရမ်းသဘောကျမိတာပဲ။သူပုံစံက သာမန် လူထဲကလူပုံစံပါပဲ။ခန့်ခန့်ညားညားလည်းမနေဘူး။လူဆိုးဗိုလ်ပုံလည်းမပေါက်ဘူး။လူဆိုးဗိုလ်ဂိုက်လည်းမဖမ်းဘူး။ အဲတော့ အဲဒီရုပ်ရှင်ကားက စိတ်ထဲစွဲငြိသွားတော့တာပေါ့ဗျာ ။သွက်လက်တဲ့မြီးကောင်ပေါက်မလေးနဲ့ အေးဆေးတဲ့ လူတစ်ယောက်ကို သဘာဝကျကျ ပေါင်းစပ်ပြထားတော့ လေပြည်လေးတွေကြား ယိမ်းနွဲ့နေတဲ့ မီးတောက်ကို ကြည့်ရသလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပီပြင်တဲ့ ဇာတ်ကောင်စရိုက်တစ်ခုစီက ဆန့်ကျင်ဘက်လားရာကို အမှီသဟဲပြု ပေးနေကြတယ်လေ။ဇာတ်ကားက ကြာလာလေလူဆိုးဗိုလ်ဇာတ်ကောင်အသွင်ကိုလည်း လေးစားလာတယ်။မြီးကောင်ပေါက်မလေးရဲ့စရိုက်ကိုလည်းငြိလာပြီ။ လူဆိုးဗိုလ်ကြီးနဲ့သူမကို ပေါင်းဖက်စေချင်လှပြီ။ဒါရိုက်တာက ပူလောင်ခြောက်သွေ့တဲ့ ရှု ခင်းတွေထဲကနေ အေးမြစိမ်းစိုတဲ့ ဒေသဆီရောက်ရှိလာတာကို သူူတို့ရဲ့စိတ်ချင်းနားလည်မှု တွေကနေ တစ်ဖြည်းဖြည်း ဆွဲခေါ်သွားခဲ့ပါတယ်။ဇာတ်ကို ကြည့်ချင်အောင် တစ်ယောက်ကနာရတာမျို း သာရတာမျို းလည်း လုပ်ပြမသွားပါဘူး။ သူတို့ရဲ့လှု ပ်ရှားမှု ကိုပဲ ဘေးကကြည့်ရသလိုမျို း တင်ပြသွားတာပါ။ နောက် ဟိမဝန္တာဘက်မှ သူတို့ရာဇဝင်တွေကို အလျဉ်းသင့်လိုပြောမိသလိုမျို းလေး ခပ်ပါးပါးကလေးတင်ပြသွားတာပါ။ဖျတ်ခနဲ လျှပ်လက်တာ မြင်ရသလိုမျိုးလေးပေါ့။ ဒါရိုက်တာက ဇာတ်ကိုလည်း အလိုမလိုက်ပါဘူး။ဒါက ကံတရားပဲ ။ဖြစ်သွားနိုင်တာပဲဆိုတဲ့ သဘောတရားမျို းနဲ့ ဇာတ်ကို ချိူ းပစ်လိုက်ပါတယ်။ဇာတ်အဆုံးမှာ ကျွန်တော်တို့ ဟာခနဲဖြစ်ပြီးတော့ အဲဒီ ဟိုက်ဝေးလမ်းမမှာ ကားတွေဆက်မောင်းပေးချင်စိတ်ပေါက်သွား အောင် ဒါရိုက်တာက စွမ်းဆောင်ပေးခဲ့ပါတယ်။ ဇာတ်ကားပြီးချိန်မှာတော့ ငိုင်တိုင်တိုင်နဲ့ ကျန်ရစ်ခဲ့ရပါတယ်။ အတွေးမျို းစုံပေါ်လာပါတော့တယ်။ အဲဒါဟာ ဇာတ်ကားတစ်ကားကြည့်ခြင်းရဲ့ ရ ရှိလိုက်ရတဲ့ အရသာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကို ပိုက်ဆံပေး အချိန်ပေးကြည့်လိုက်ရတဲ့ တန်ပြန် ပေးဆပ်မှု ဖြစ်ပါတယ်။တန်ဖိုးတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားတစ်ကား အနုပညာရသမြောက်ဖို့အတွက် ဇာတ်အိမ်အခမ်းအနားကောင်းကောင်းတွေ ဆက်တင်တွေ အန်းနီးမေးရှင်းတွေ သိပ်ပြီးမလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဆီက ရုပ်ရှင်တွေအများစုက ပရိသတ်မကြို က်မှာ ပရိသတ်နားမလည်မှာ အရမ်းကြောက်ပါတယ်။အဲဒါကြောင့် သူတို့ဇာတ်ကားကို နားမလည်လည်အောင် ဇာတ်ပို့တွေနဲ့ အမျို းမျို းရှင်းပြခိုင်းပါတယ်။ပြီးတော့ ပရိသတ် မကြို က်ပဲမနေအောင် ရုပ်ချောချောမင်းသားတွေ မင်းသမီးတွေ နေရာတိုင်း ဒီဇာတ်ကားရဲ့ဇာတ်ကောင်စရိုက်နဲ့လိုက်ဖက်မယ် မစဉ်းစားတော့ပဲ အတင်းသရုပ်ဆောင်ခိုင်းစေပါတယ်။ ဘော်ဒါတို့စဉ်းစားသာကြည့်ပါတော့။အဲလို ပုံစံတွေနဲ့ ရိုက်ထားတဲ့ဇာတ်ကားတစ်ကားဟာ အနုပညာရသ ပါနိုင်ပါတော့မလား။ ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်နဲ့ ဒါမှမဟုတ် ဒါရိုက်တာချပေးထားတဲ့ ဇာတ်ကောင်စရိုက်ကို မဝင်စားပဲ ကိုယ်ဖြစ်ချင်သလို သရုပ်ဆောင်နေရင် ။အဲဒါဇာတ်ကားမဟုတ်တော့ဘူး။မြေပြင်မှာကနေတဲ့ စင်တင်ပြဇာတ်တစ်ခုသာဖြစ်တယ်။သာမန်လူတွေပြောလေ့ပြောထမရှိတဲ့ စကားလုံး အမြင့်ကြီးတွေ နာမည်ကကျိူ းကကြောင်တွေ ။စော်နဲ့အဆင်မပြေတိုင်း ရထားလမ်းနားသွားထိုင်တာတွေ။သီချင်းသံကြီးနဲ့ လွမ်းနေတာတွေ။မသာခန်းရောက်ရင် ဇာတ်ကားအများစုတိုင်းတူတဲ့ နှဲမှု တ်သံတွေ ။ ဒီလိုအတိုင်းသာ ဆက်ရိုက်နေမယ်ဆိုရင်တော့ ။ကျွန်တော်တို့ပရိသတ်တွေကလည်း အားပေးနေဦးမယ် ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရုပ်ရှင်ဟာ အောက်ကျမြဲ ကျနေဦးမှာပါပဲ။အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း အင်ဒို ဖိလစ်ပိုင် နိုင်ငံရုပ်ရှင်တွေဟာ အရမ်းတိုးတက်နေပါပြီ။တရုတ် အိန္နိယက ရုပ်ရှင်တွေတော့ထည့်မပြောတော့ပါဘူး။ အခုလိုမျို း ဘာဝမ်းစာမှပြည့်ပြည့်မီမီ မရှိပဲ ပိုက်ဆံရှိတိုင်း သရုပ်ဆောင်ထလုပ် ရိုက်ချင်ရာရိုက်နေတဲ့ မိုးကျရွှေကိုယ်တွေနဲ့ ပိုက်ဆံရပြီးရော ဖြစ်ချင်ရာဖြစ် ရိုက်ကူးပေးတဲ့ ကိုယ်ပိုင်ဘွဲ့တံဆိပ်တွေပေးထားတဲ့ ဒါရိုက်တာတွေ ရှိနေသရွေ့တော့ ဒုံရင်း ဒုံရင်း ကြက်သားဟင်းပါပဲ။ ကျွန်တော်တို့ကတော့ အမေကျော်ဒွေးတော်လွမ်းတယ်ပဲပြောပြော နိုင်ငံတကာ ရုပ်ရှင်တွေပဲအားပေးနေဦးမှာပါ။ ပရိသတ်တစ်ယောက် ခံစားသူတစ်ယောက်အနေနဲ့ အချိန်ပေး ပိုက်ဆံပေးကြည့်ရတဲ့ ခဏတာမှာ ကိုယ့်အတွက် ဘာအကျ်ု းအမြတ်မှ မရခဲ့ရင် ကိုယ့်အဖေရိုက်တဲ့ကားဆိုရင်တောင် ကြည့်မှာမဟုတ်ပါဘူး။ အဲဒါက ကျွန်တော့်ခံယူချက်ပါ။ သူတို့က ကျွန်တော့်စကားအတွက် မင်း အဲလောက်လွယ်တယ်ထင်ရင် မင်းလာရိုက်ကြည့်ပါလားလို့ စောဒကတက်ရင် တက်ပါလိမ့်မယ်။ ကျွန်တော်က ခံစားသူပါ။ သူတို့က ဖန်တီးချပြသူတွေပါ။ ကျွန်တော်ကတော့ ခံစားသူ စားသုံးသူတစ်ဦးအနေနဲ့ နှိုင်းယှဉ်မှာပဲ ဝေဖန်မှာပဲ။ဖန်တီးသူကတော့ အပြို င်အဆိုင်ကြားမှာ ကောင်းသထက်ကောင်းအောင် ဖန်တီးတင်ဆက်ရမှာက သူတို့တာဝန်ပဲလေ။ရှင်းရှင်းလေးပဲ။မလုပ်နိုင်မလုပ်နဲ့။ရုပ်ရှင်အနုပညာဆိုတာ ဂီတ ဝတ္ထု စတဲ့ အနုပညာရပ်အသီးသီးကို စနစ်တကျ ခန့်ခွဲပေါင်းစပ်ပြီး ဖန်တီးရတဲ့ပညာရပ်။အရမ်းခက်ခဲတယ်။နက်နဲတယ်။ အဲတော့ မရောက်မကျ အဆင့်လောက်နဲ့ ပရိသတ်အားပေးမှု ကို လိမ်မစားပါနဲ့ ။အသုံးမကျတော့တာတွေကို သိသိကြီးနဲ့ချမကျွေးပါနဲ့။ နာမည်ဆိုတာ လူတွေ့ပါးစပ်ရှိနေသရွေ့ မှတ်တမ်းတင်နေသရွေ့ ကျန်နေခဲ့မှာပါ။ တစ်ဘဝစာကြည့်ပြီး လုပ်ခဲ့သူကတော့ တစ်ဘဝစာပဲရမှာပါ။ ရင်းသလောက်ပဲ ရမှာပေါ့။