Movie Name
Thuppakki (2012)
Year
2012
Generes
Action, War
Code
IND0383
Type
Movie
Size
229 MB
Country
Bollywood
Description
ဒီကားလေးက English လို "Indian Soldier Never On Holiday - အိန္ဒိယစစ်သားဆိုတာ အားလပ်ရပ်သည်မရှိ" ဇာတ်ကားခေါင်းစဉ်အတိုင်း အိန္ဒိယစစ်တပ်ကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ် အထက်လူကြီးက အမိန့်မပေးမချင်း အချိန်ကြာမြင့်စွာ ဇာတ်မြှုပ်နေထိုင်ပြီး အမိန့်ကျလာတဲ့အခါ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်လေ့ရှိတဲ့ Sleeper Cell ဆိုတဲ့အဖွဲ့ကို အကွက်ချချေမှုန်းတဲ့ အိန္ဒိယစစ်သားတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ဆောက်ထားပါတယ် အဓိက ဇာတ်ဆောင်တွေအနေနဲ့ မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ မင်းသားကြီး Vijay,Vidyut Jammwal နဲ့ မင်းသမီး Kajal Aggarwal တို့ဖြစ်ပါတယ် အိန္ဒိယစစ်သားတစ်ယောက် တပ်ထဲက ခွင့်ရလို့ မိမိနေထိုင်ရာချန်နိုင်းမြို့ကို ပြန်ရောက်ချိန် မြို့ထဲက ကျောင်းဘတ်စ်ကားတစ်စင်း ဗုံးဖောက်ခွဲခံလိုက်ရပြီး ကလေးငယ်တွေ အပါအဝင် လူသုံးဆယ်ကျော်သေသွားပါတယ် ဒီအဖြစ်အပျက်ကို လက်တွေ့ကြုံလိုက်ရတဲ့ ကပ္ပတိန်ဂျာဒစ်ရ်ှဟာ မိမိရဲ့ တပ်ဖွဲ့နဲ့အတူ ဖောက်ခွဲမှု တရားခံနောက်ကိုလိုက်ရင်း နောက်ထပ် လူစည်ကားတဲ့ နေရာ ၁၂ခုမှာ ဖောက်ခွဲမှုတွေဆက်လုပ်ဦးမယ့် Sleeper Cellတွေရဲ့ လက်ချက်မှန်းသိသွားတဲ့အခါ. . . ဇာတ်လမ်းက စိတ်ဝင်စားစရာတွေ အပြည့်နဲ့. . .မင်းသားနဲ့ လူကြမ်း ဥာဏ်ကစားပြီး အပြိုင်ကြဲထားတဲ့ကား ဖြစ်ပါတယ် ဖောက်ခွဲမှု ၁၂ခုကို ဖြေရှင်းနိုင်မလား. . . Sleeper Cell ခေါင်းဆောင်က ဘယ်သူလဲ. . . ပါဝင်ပက်သက်သူတွေဟာ ဘယ်သူတွေလဲ. . . ဘာကြောင့်အဖျက်လုပ်ငန်းတွေ ဖြစ်ပေါ်လာရသလဲ. . . ဆက်လက် အားပေးလိုက်ပါခင်ဗျာ. . .