-
Movie Name
-
We Own This City (2022)
-
Year
-
2022
-
Generes
-
Crime, Drama
-
Code
-
SE0262
-
Type
-
Series
-
Size
-
2.71 GB
-
Country
-
Hollywood
-
Description
-
1-6 Completed
HBO ရဲ့အကြမ်းစား Crime ,Drama ဇာတ်လမ်းတွဲတစ်ခုထွက်လာပြန်ပါပြီ
အကောင်းဆုံး Crime ဇာတ်လမ်းတွဲလို့ပြောလို့ရမယ့်
The Wire တို့လို Masterpiece တွေရိုက်ပြနိုင်တဲ့ HBO ဟာ
ဒီလို ဇာတ်လမ်းအမျိုးအစားတွေမှာဆိုရင် လုံးဝ Fail လေ့မရှိပါဘူး။
ဒီဇာတ်လမ်းတွဲမှာလည်း Punisherဇာတ်ကောင် နဲ့လူသိများကြတဲ့
ဇာတ်ကြမ်းမင်းသား Jon Bernthal က ဦးဆောင်ပါဝင်ထားပါတယ်
IMDb – 8.1.10 နဲ့ Metacritic မှာလည်း 7.3 လောက်ရထားတဲ့အတွက် စိတ်ချလက်ချကြည့်လို့ရပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရဲတွေနဲ့ လူမည်း Gang တွေကြားမှာ ဖြစ်တဲ့
မူးယစ်ဆေး၊ တရားမဝင်လက်နက်နဲ့ အကျင့်ပျက်ခြစားမှုတွေကို ရိုက်ပြထားတာဖြစ်ပါတယ်
အမေရိကန်ရဲ့ ရာဇတ်မှုအမြင့်ဆုံးမြို့လို့ပြောလို့ရတဲ့ ဘယ်တီမိုးမြို့မှာ
လူမည်းအမျိုးသားတစ်ယောက် ရဲအင်အားသုံးအကြမ်းဖက်မှုကြောင့် သေဆုံးရာကနေ
တစ်မြို့လုံးရာဇဝတ်မှုတွေ လုယက်မှုတွေ ဆေးမှုတွေ ပိုမြင့်မား အုံကြွလာပြီး ထိန်းမရဖြစ်လာပါတယ်။
ဖက်ဒရယ် ၊ DEA တွေက အစ လက်လျှော့ထားရတဲ့ မြို့ကို
ဝိန်းဂျန်ကင်ဆိုတဲ့ Gun Track Force ခေါင်းဆောင် ရောက်လာပါတယ်၊
ဝိန်းဟာ ရာဇဝတ်သားတွေကြောက်ရွံ့ရတဲ့ ရဲဖြစ်ပြီး ထင်ရာစိုင်းတဲ့လူတစ်ယောက်ပါ
အကြမ်းဖက်မှုတိုင်စာများစွာလည်း အတင်ခံရပေမယ့်
သူ့ရဲ့အရေးပါမှုကြောင့် ချွင်းချက်အနေနဲ့ပေးထားရသူပါ
သူရောက်လာတဲ့ ဘယ်တီမိုးမြို့မှာ သာမန်ထက်ပိုရှုပ်ထွေးတဲ့ ဒုစရိုက်မှုတွေအပြင်
အစိုးရပိုင်းကပါ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာတဲ့အခါ…
ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်