Movie Name
Prehistoric Planet (2022)
Year
2022
Generes
Documentary
Code
SE0265
Type
Series
Size
2.07 GB
Country
Hollywood
Description
1-5 Completed ၂၀၂၂ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ သဘာဝ မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစားပါ။ production ကို apple က တာဝန်ယူ ထုတ်လုပ်ခဲ့တာပါ။ ဇာတ်ကားရဲ့နောက်ခံ စကားပြောသူကတော့ David Attenborough ဖြစ်ပါတယ်။ ဒေးဗစ် အက်တန်ဘောရိုးကိုတော့ nature documentary အမျိုးအစားကြည့်ဖူးသူတွေအနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။ အသက်ကိုးဆယ်ကျော်ပြီဖြစ်တဲ့ ဆရာကြီး အက်တန်ဘောရိုးဟာ နာမည်ကြီး Our planet , A life on our planet မှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေမှာ နောက်ခံစကား ပြောလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာရှင်သက်သက်မဟုတ်ဘဲ ဖျော်ဖြေရေးဘက်မှာ သိပ္ပံနည်းကျ သဘာဝတရားအကြောင်းကို လူတွေသိလာအောင် ကြိုးစားလျက်ရှိတဲ့ ဇီဝဗေဒသိပ္ပပညာရှင်နဲ့ သဘာဝထိန်းသိမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကျနော်ကတော့ သဘာဝသမိုင်း မှတ်တမ်းတင်ရုပ်ရှင်တွေမှာ ဆရာကြီး အက်တန်ဘောရိုး အသံမှ မဟုတ်ရင် နားမထောင်ချင် မကြည့်ချင်တော့တဲ့ အထိ ဖြစ်ရအောင် သူ့ နောက်ခံစကားပြောဟန်ကို အတော်လေး အားကျနှစ်ခြိုက်ရသူပါ။ ဒီဇာတ်လမ်းမှာ သိပ္ပံအချက်အလက်တွေအပေါ် အခြေခံပြီး လူသားမတိုင်မီ ခေတ်ဦးကမ္ဘာက ဒိုင်နိုဆောတွေ အကြောင်းကို ဂရပ်ဖစ် အမိုက်စား နောက်ခံစကားပြော ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ် နောက်ဆုံးပေါ် ရုပ်လုံးဖော်နည်းပညာနဲ့ လူသားမတိုင်မီခေတ်က ဒိုင်နိုဆော မျိုးစိတ် အမျိုးမျိုးရဲ့ ရှင်သန် စားသောက် မိတ်လိုက်တဲ့ အဖြစ်အပျက်တွေကို သဘာဝကျစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားမို့ မိခင်သဘာဝတရားကြီးနဲ့ သက်ရှိကွင်းဆက်အကြောင်း စိတ်ဝင်စားသူတွေအဖို့ ကြည့်ကို ကြည့်ရမယ့် edutainment ရုပ်ရှင်အမျိုးအစား တစ်ခုပါ