Movie Name
La Terra Dei Figli (2021)
Year
2021
Generes
Drama, Sci-Fi
Code
EN1237
Type
Movie
Size
836 MB
Country
Hollywood
Description
The Land Of The Sons (La Terra Dei Figli) (2021) အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အ​မြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။ ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။ ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။ အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံ​ယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။ ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။ ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။