-
Movie Name
-
You’re Not Normal, Either (2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
JP0069
-
Type
-
Movie
-
Size
-
855 MB
-
Country
-
Japan
-
Description
-
စာမေးပွဲအနီးကပ် စာသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်တဲ့ “အိုနို-စံ”က သချင်္ာတွက်ရတာကြိုက်တဲ့စာကြမ်းပိုးတစ်ယောက်ပါ။ သူက ရုပ်ချော အရပ်ရှည်ပေမဲ့ စာကလွဲပြီး ဘာမှမသိတာကြောင့် ပုံမှန်လိုမျိုး ရည်းစားမထားနိုင်ဖြစ်နေတာပါ။
ဥပမာပြောရရင် ကောင်မလေးတစ်ယောက်က သူ့ကိုကြိုက်ကြောင်းဖွင့်ပြောလာရင်တောင် “ဘယ်လောက်ပမာဏထိကြိုက်တာလဲ”လို့ပြန်မေးပြီး လာကြိုက်တဲ့သူကို တပ်ခေါက်သွားအောင် လုပ်နိုင်တဲ့သူတစ်ယောက်ပါ။
သူစာသင်ပေးနေတဲ့ “အခိမိုတို”ဆိုတဲ့ကျောင်းသူလေးမှာတော့ တစ်ဖက်သတ်ကြိုက်နေရတဲ့သူတစ်ယောက်ရှိပါတယ်။ သူကြိုက်နေတဲ့သူက ကလေးတွေအတွက် သင်ကြားရေးအရုပ်တွေရောင်းတဲ့ကုမ္ပဏီကိုဦးစီးပြီး တိုးတက်ရေးဟောပြောပွဲတွေလည်း လုပ်လေ့ရှိတဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့ မီရမိုတို-စံပါ။
တစ်နေ့ကျတော့ ကျောင်းသူလေးက ဟောပြောပွဲတစ်ခုမှာ မီရမိုတို-စံကိုတွေ့ခဲ့ပါတယ်။ သူ့ကိုစကားသွားပြောပြီး စာတစ်စောင်လည်းပေးခဲ့ပေမဲ့ မီရမိုတို-စံက မကြာခင် လက်ထပ်တော့မယ့်ချစ်သူရှိတယ် ဆိုတာကို သိလိုက်ရပါတယ်။
ကျောင်းသူလေး အခိမိုတို-စံ အသည်းကွဲပြီးပြန်လာတုန်း ဆရာအိုနိုနဲ့စာသင်ရင်း စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာပဲ သူကအကြံရသွားပြီး ဆရာ့ကို “ပုံမှန်လူတစ်ယောက်လို ဒိတ်နိုင်အောင် လေ့ကျင့်ပေးမယ်”လို့ လိမ်ပြောပြီး ဆရာနဲ့ မီရမိုတို-စံရဲ့သတို့သမီးလောင်းကို အောင်သွယ်ပေးဖို့လုပ်ပါတော့တယ်။
ပုံမှန်ဆိုတဲ့လူတစ်ယောက်ရဲ့ အတွေးအခေါ် လုပ်ရပ်တွေကရော ထင်ထားသလောက် သဘောကျစရာကောင်းရဲ့လား။ ပုံမှန်လို့သတ်မှတ်ထားကြတဲ့လူတွေရဲ့ လှပတဲ့အဖြစ်အပျက်တွေရော အရုပ်ဆိုးတဲ့လိမ်ညာဟန်ဆောင်မှုတွေကိုရော ဒီကားထဲမှာကြည့်ရမှာပါ။ လူနှစ်ယောက်ကြားက ခံစားချက်ဆိုတာလည်း လုပ်ယူစရာမလိုပဲ ကိုယ်မသိလိုက်ခင်မှာပဲ သူ့အလိုလိုပြောင်းလဲသွားနိုင်ပါသေးတယ်။