-
Movie Name
-
Savage Beauty (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SE0268
-
Type
-
Series
-
Size
-
4.36 GB
-
Country
-
Hollywood
-
Description
-
1-6 Completed
Savage Beauty (2022)
ဘန်ဂူ ဗျူးတီး… ကမ္ဘာမှာ အကြီးဆုံး အလှအပကုမ္ပဏီတွေမှာ တစ်ခုအပါအဝင်
ဖြစ်ပြီး ဘန်ဂူမိသားစုပိုင် လုပ်ငန်းစုတစ်ခုပဲဖြစ်ပါတယ်၊ ကျိကျိတက်သူဌေးတွေ
ဖြစ်လို့ မိသားစုရေးရာကိစ္စတွေနဲ့ ပွေလီရှုပ်ထွေးလှတဲ့ အထက်တန်းလွှာတွေပေါ့၊
လူမှုရေးပြဿနာတွေ ရှုပ်သလို ဘန်ဂူဗျူးတီးကုမ္ပဏီကလည်း တန်းမြင့်ကုမ္ပဏီ
ဖြစ်သလောက် Marketing strategyအလွဲတွေ၊ Advertisementမှာ မှန်ကန်မှု
မရှိိတာကြောင့် ဝေဖန်မှုပေါင်းစုံ ကြုံတွေ့နေရချိန်ပါ။
ကုမ္ပဏီရဲ့နာမည်ပျက်ကိုဖြေရှင်းဖို့ ဘန်ဂူမိသားစုက ပင်တိုင်မော်ဒယ်အသစ်ကို
ပရိတ်သတ်မဲဆန္ဒနဲ့ တင်မြှောက်မယ်ဆိုပြီး စီစဉ်လာပါတယ်၊ မော်ဒယ်အသစ်ရဲ့
နာမည်ကတော့ ဇင်ဟဲမန်ဇီနီပါတဲ့၊ PRကောင်းကောင်းလိုနေတဲ့ ဘန်ဂူဗျူးတီးက
ဇင်ဟဲကို အင်မတန် အပစားပေးပြီး ဖူးဖူးမှုတ်ထားရတာပေါ့။
ဒါပေမဲ့ ဇင်ဟဲက တခြားသူမဟုတ်ဘဲ အတိတ်က ဘန်ဂူမိသားစုဝင်တွေနဲ့ အငြိုး
ရှိဖူးသူဖြစ်နေပါတယ်၊ လက်စားချေဖို့အကြံနဲ့ ဘန်ဂူမိသားစုကို ချဉ်းကပ်လာသူ
ဖြစ်နေတာပါ၊ သူ့ရဲ့ရန်ကြွေးကဘာများဖြစ်မလဲ၊ ဘန်ဂူတွေကရော သမာအာဇီဝ
လုပ်ငန်းနဲ့ အသက်မွေးနေတာ ဟုတ်ရဲ့လား၊ ဇင်ဟဲတစ်ယောက် မော်ဒယ်ဘဝနဲ့
ဘယ်လိုမျိုး ခပ်ချေချေslayပြီး လက်စားချေသွားမလဲဆိုတာကို အပိုင်း၆ပိုင်းပါ
အာဖရိကန်-အင်္ဂလိပ်စကားပြော Miniseriesထဲမှာ စီးမြောခံစားလိုက်ပါဦး။
စုစုပေါင်း ၆ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။