-
Movie Name
-
ISHQ(1997)
-
Year
-
1997
-
Generes
-
Action, Comedy, Drama
-
Code
-
00124
-
Type
-
Movie
-
Size
-
970 MB
-
Country
-
Bollywood
-
Description
-
ဒီဇာတ်ကားလေးကတော့ အလွှာမတူတဲ့ လူတန်းစားကြားက သူငယ်ချင်းမေတ္တာ နဲ့ အချစ်စစ်တို့ကို ဖော်ကျူးထားပြီး IMDB 6.9/10 လည်းရရှိထားပါတယ်။PK, 3 idiots တို့နဲ့ နာမည်ကျော်လာတဲ့ မင်းသား Aamir Khanပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ညီအစ်ကိုတွေလို ခင်မင်နေကြတဲ့ အက်ဂျေးနဲ့ ရာဂျာ သူငယ်ချင်းနှစ်ဦးဟာဖြင့် အလွှာမတူတဲ့ မိသားစုအသီးသီးက မွေးဖွားလာခဲ့ပါတယ်။ အက်ဂျေး ၏ အဖေကတော့ ဆင်းရဲသားမုန်းတီးရေးသမား သူဌေး ရာဂျစ်ပဲဖြစ်ပါတယ်။ သူ့သား အက်ဂျေးကိုလည်း သူဌေးသမီးနဲ့သာ လက်ဆက်စေလိုသူတစ်ဦးလည်း ဖြစ်ပါတယ်။ဒါပေမဲ့ အက်ဂျေးကတော့ ဆင်းရဲချမ်းသာ မခွဲဘဲ လွတ်လပ်စွာ ခင်မင်ပေါင်းသင်းတတ်သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရာဂျစ်ဟာ သူ့သူငယ်ချင်း သူဌေး ဟာဘန်နဲ့ တွေ့ဆုံမိပြီး သားရေးသမီးရေး ဆွေးနွေးခဲ့ကြပါတယ်။ သူဌေးကြီး ဟာဘန်ကလည်း ဆင်းရဲသားမုန်းတီးတတ်သူဖြစ်ပြီး သူ့သမီးမတ်ထူးကတော့ ဆန့်ကျင်ဖက်စိတ်ထားနဲ့ ပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ မတ်ထူးဟာ သူငယ်ချင်း ကာချယ်လ် နဲ့အတူ ဈေးဝယ်ထွက်ရင်း အက်ဂျေးရဲ့ကားနဲ့ မတော်တဆ တိုက်မိခဲ့ကြပါတယ်။ ဒီလိုနဲ့ ကတောက်ကဆ ဖြစ်ကြရင်း အက်ဂျေးကတော့ မတ်ထူးရဲ့သူငယ်ချင်း သူဆင်းရဲမလေး ကာချယ်လ်ကို မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။ ကားပေါ်မှာပါလာတဲ့ ရာဂျာကတော့ မတ်ထူးနဲ့ စကားများနေရင်း နောက်ဆုံးတော့ ရာဂျာကလည်း သူဌေးသမီး မတ်ထူးကို ချစ်မိသွားပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူဆင်းရဲလေး ရာဂျာနဲ့ သူဌေးသမီး မတ်ထူး သူဆင်းရဲမလေး ကာချယ်လ်နဲ့ သူဌေးသား အက်ဂျေး တို့ ဟာ အချင်းချင်း ချစ်ခင်စုံမက်သွားပါတော့တယ်။ သို့်သော် ဒီကိစ္စအား သူဌေးကြီး နှစ်ဦးသိရှိသွားပြီး ခွဲကွာစေရန် ကြိုးစားကြသောအခါမှာတော့???? ကဲ မျှော်လင့်မထားတဲ့ဖြစ်ရပ်တွေက ဘယ်လိုဆွဲဆောင်နိုင်စေမလဲဆိုတာကတော့ ဆက်လက်ရင်ခုန်ကြဦးစို့နော်။ ဒီကားလေးက အစပိုင်းမှာ ပျော်ရွှင်စရာရှိလှသော်လည်း ဝမ်းနည်းခြင်း ကြည်နူးခြင်းတို့က ဇာတ်လမ်းရဲ့ အရှိန်ကို ကူညီဆက်ပေးခဲ့တယ်။ အချစ်စစ် ကိုခွဲသူနဲ့ ပုံဖော်ပေးသူ နှစ်ဖက်ကြားထဲက အဓိပ္ပါယ်များစွာ အပြင် မထင်မှတ်ထားသည့် သူငယ်ချင်းစစ်၏ ဂုဏ်ဒြပ်တို့ကိုပါ ဖော်ကျူး ထားပုံက ဇာတ်ကားကောင်းမွန်သည်ဟု သြဘာပေးရမည် ဖြစ်ပါသောကြောင့် CM ပရိသတ်ကြီးလည်း မနှေးအမြန် အားပေးကြပါဦးလို့ တိုက်တွန်းပါရစေလား ခင်ဗျာ။