Movie Name
Eating Our Way To Extinction (2021)
Year
2021
Generes
Documentary
Code
EN1250
Type
Movie
Size
762 MB
Country
Hollywood
Description
IMDb Rating – 7.5/10 ~ လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။ ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။ မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ​မွေးမြူ​ရေးလုပ်ငန်း​ကြောင့် ဖြစ်လာတဲ့ သစ်​တောနဲ့ ​ရေသယံဇာတပြုန်းတီးမှု၊ ကမ္ဘာကြီးပူ​နွေးလာမှု၊ တိရစ္ဆာန်မှတဆင့် လူ​တွေကို ကူးစက်တဲ့ ကပ်​ရောဂါဆိုးတွေအ​ကြောင်း၊ ငါး​မွေးကန် လုပ်ငန်းနဲ့ အဏ္ဏဝါဇီဝမျိုးစိတ်မျိုးကွဲ​တွေရဲ့ မျိုးတုန်းမှုအ​ကြောင်း ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီ Documentary ကို ကြည့်လိုက်တာနဲ့ ကိုယ်​နေ့စဉ်စား​သုံးနေတဲ့ အစားအစာ​တွေက ကိုယ့်ရဲ့ပျက်သုဉ်းခြင်းကို ဘယ်လိုဦးတည်​​စေလဲဆိုတဲ့ အသိတစ်ခု ကျန်ခဲ့မှာပါ။