-
Movie Name
-
Psychopath Diary
-
Year
-
2019
-
Generes
-
Comedy, Crime
-
Code
-
SKR0280
-
Type
-
Series
-
Size
-
8.08 GB
-
Country
-
Korea
-
Description
-
Psychopath Diary ( 2019 ) Ssaikopaeseu Daieoli ( 싸이코패스 다이어리 ) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Thriller , Mystery , Comdey အမျူ ိးအစားကားလေးပါ အဓိကဇာတ်ဆောင်များအနေနဲ့ကတော့ Hip the Top,Your Honor,Grand Prince, Nokdu Flowerကားထဲကမင်းသားချော Yoon Shi Yoon Waikiki 1,Terius Behind Me,Naked Fireman, Circle ထဲက မင်းသမီးချောလေး Jung In Sun အပြင် My Only One,Justice တို့ထဲက မင်းသား Park Sung Hoon တို့ကအဓိပါဝင်ထားကြပါတယ် >>>> ဇာတ်လမ်းအကျဉ်း <<<< စုံထောက်ကား သရဲကား လူသတ်ကားတွေကို အလွန်သဘောကျတဲ့ လူရိုးလေး ယုဒုံရှစ် သူတပါးကို ကူညီတတ်ပြီး အားနာတတ်လွန်းတဲ့သူ ပြသနာဖြစ်ရင် ဘယ်သူမှားမှား တောင်းပန်ပါတယ်လို့ပဲ တတွတ်တွတ်ပြောလေ့ရှိပြီး သည်းခံတတ်တဲ့သူ သူကရိုးအလွန်းတော့ သူ့ကိုနိုင့်ထက်စီးနင်းတွေလုပ်ချင်လာကြတယ် တနေ့ရုံးမှာ လာဘ်စားတဲ့ပြသနာဖြစ်တော့ သူ့သူငယ်ချင်းရေးတဲ့ အစီရင်ခံစာကို သွားတင်ပေးမိတဲ့သူ့အပေါ်ပုံကြလာတော့တယ် သူတစ်ပါးကိုအမြဲလိုနားလည်ပေးတတ်တဲ့သူ့ကို နောက်ကွယ်မှာ ဘာပြောပြောယုံတဲ့ ငတုံးဆိုပြီး သူ့စေတနာတွေကို စော်ကားဖျက်စီးကြလေတော့ မျှော်လင့်ချက်တွေပျောက်ဆုံးသွားတဲ့သူဟာ ဆောက်လက်စ အဆောက်အအုံတစ်ခုပေါ်က ခုန်ချဖို့ဆုံးဖြတ်လိုက်တယ် အမှတ်မထင် ကြားလိုက်ရတဲ့ ကယ်ပါအုန်းဆိုတဲ့ အသံနဲ့အတူ စာအုပ်တစ်အုပ် သူ့ခြေထောက်နားရောက်လာတယ် သူမြင်လိုက်ရတဲ့ အရာက လူတစ်ယောက်ကို စိမ်ပြေနပြေသတ်နေတဲ့လူသတ်သမားတယောက် ဒီအချိန်မှာပဲ သူစာအုပ်ကို ကောက်ကိုင်ကာ ကြောက်လန့်တကြားထွက်ပြေးလာခဲ့ရင်း ရဲကားနဲ့ တိုက်မိပြီး အတိတ်မေ့သွားပါတော့တယ် သူပြန်နိုးလာချိန်မှာ သူနဲ့အတူရှိတဲ့စာအုပ်ကို သူ့ဒိုင်ယာရီစာအုပ်လို့ ထင်မှတ်ပြီး သူ့ကိုယ်သူ စိတ္တဇ ကွင်းဆက်လူသတ်သမားလို့ ထင်မှတ်သွားတဲ့အခါမှာတော့... #TYMMtvcomမှတင်ဆက်သည်