-
Movie Name
-
Welcome To Wedding Hell (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
SKR0669
-
Type
-
Series
-
Size
-
3 GB
-
Country
-
Korea
-
Description
-
1-12 Completed
ဒီနေ့မှာပဲ အသစ်ထွက်ရှိလာတဲ့ Marriage White Paperဆိုတဲ့ Romance Dramaလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ Bulgasal ထဲက မင်းသားကြီး Lee Jin Wook နဲ့ Lee Yeon Hee တို့က အဓိကပါဝင်ထားပြီးတော့ အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ အသက် 30 အရွယ် စုံတွဲတစ်တွဲအကြောင်း ရိုက်ကူးထားပဲဖြစ်ပါတယ်။
Seo Joon Hyung (Lee Jin Wook)ဟာ အသက်၃၀ရွယ် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအတွက်လည်း စိတ်ပူမစရာမလိုဘဲ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။
သူ့ကောင်မလေးဖြစ်တဲ့ Kim Na Eun( Lee Yeon Hee)ကလည်း တက်ကြွပြီး ထူးချွန်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပဲ ဖြစ်ပါတယ် ။သူတို့နှစ်ယောက် ချစ်သူသက်တမ်းက နှစ်နှစ်ကြာပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြပါတယ်။
လက်ထပ်ပြီးတဲ့အခါလည်း ပုံပြင်ထဲကလို ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်ကို မျှော်လင့်ထားခဲ့ပေမဲ့ လက်တွေ့မှာတော့ ထင်ထားတာနဲ့ ကွာခြားခဲ့ပါတယ်။ နှစ်ဖက်မိသားစုတွေရဲ့ တွေ့ဆုံမှု၊ လက်ထပ်ဖို့ ပြင်ဆင်တာတွေနဲ့ ယူပြီးတဲ့အခါ နေဖို့ အိမ်ရှာရတာတွေအထိ ဒီနေ့ခေတ်မှာ အိမ်ထောင်ပြုရတာ ဒီလိုတွေပါလားဆိုပြီး တွေးမိလောက်အောင် တကယ့် စုံတွဲတွေရဲ့ လက်ထပ်ဖို့ ပြင်ဆင်ကြပုံနဲ့ အိမ်ထောင်ပြုပြီးတဲ့နောက် ကြုံတွေ့လာရမယ့် အခက်အခဲပြဿနာတွေကို လက်တွေ့ဆန်ဆန် ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။