Movie Name
Promises (2022)
Year
2022
Generes
Drama
Code
EN1257
Type
Movie
Size
717 MB
Country
Hollywood
Description
Promises (2022) အချစ်ဦး….အချစ်ဆုံး….ဖူးစာ ဒီသုံးမျိုးလုံးကို ချစ်​သောသူ တစ်ဦးတည်းနဲ့ ​သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ​ကောင်းကင်​ပေါ်က အပ်တစ်​စင်းနဲ့ ​မြေ​ပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံ​​ကောင်းလွန်းသူ ဖြစ်မှာပဲ…သိပ်ကို အားကျမိတာပဲ…. အလက်ဇန်းဒါးဆိုတဲ့ ကိုယ်က​တော့ အချစ်​ပေါသူလို့ပဲ ဆိုရမလား၊ ​နဖူးမှာ ဖူးစာ​ရေးထိုးမထားဘဲ ချစ်​​သောသူနဲ့ ကွဲ​စေသတည်းလို့များ မှတ်​ကျောက်တင်ထား​​လေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ​ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူ​ပေါ့…. – လူမှန်​ပေမယ့် အချိန်မတန်ခဲ့သူ… – လူ​ရော၊အချိန်​ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမ​ပေးခဲ့သူ… – အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ… အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သ​ဘော​တွေ့ပြီး မ​နော​ခွေ့​နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါ​လောက် အလိုလိုက်​ပေးရင် အမိုက်​စော်ကားမယ့် လူဖြစ်​နေလို့လား…. အချိန်တန်ခဲ့​ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ ​တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်…လွဲရက်​လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရ​စေလို့ ရှိကြီးခိုး ဆု​တောင်းမိပါရဲ့… ခု​တော့ ​နောက်ကျသွားခဲ့ပြီ “ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်​ပေါင်းဘယ်​​လောက်ကြာတတ်လဲ” ​အောင်ချိမ့် အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။