Movie Name
Bhool Bhulaiyaa 2 (2022)
Year
2022
Generes
Comedy, Horror
Code
IND0398
Type
Movie
Size
1.26 GB
Country
Bollywood
Description
Bhool Bhulaiyaa 2(2022)အညွှန်း ***************************** နံပါတ် ၁ ကတော့ ၂၀၀၇ တုန်းက ထွက်ရှိထားပြီး အဲ့ဒီဇာတ်ကားမှာတော့ မင်းသားကြီးအက်ရှေးကူမားက ပါဝင်သရုပ်ဆောင်ထားပါတယ်…. နံပါတ် ၁တုန်းကလည်း အောင်မြင်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ထိတ်လန့်စရာကောင်းခဲ့သလို ဟာသလေးတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်…. အခု နံပါတ်၂ မှာလည်း မင်းသားကာသစ်ဟာ အက်ရှေးကူမားရဲ့ နံပါတ် ၁ ကို အမှီလိုက်ဖို့ ကြိုးကြိုးစားစားသရုပ်ဆောင်ထားလို့ ကြည့်လို့ကောင်းခဲ့ပါတယ်.. ..မင်းသမီးကလည်း ကီယာရာလေးဆိုတော့ ပုရိသတွေ အသည်းစွဲပါပဲ.. .ဒီဇာတ်ကားမှာ မင်းသမီးကြီး တဘူးက အမြွှာညီအစ်မ နှစ်ကိုယ်ခွဲနေရာကနေ သရုပ်ဆောင်ထားပါတယ်.. .သူမကလည်း မခေသူမို့ ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုအရှိန်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်… အောက်လမ်းမှော်ပညာတွေသင်ယူတတ်မြောက်ပြီး ထာကူရ်(မြေပိုင်ရှင်/တော်ဝင်)မျိုးရိုးထဲက ချွေးမဖြစ်သူဟာ သူ့ရဲ့အတ္တစိတ်နဲ့ မကျွတ်မလွတ်နိုင်ဘဲ စံအိမ်ကြီးထဲမှာ ချိတ်ပိတ်ထားခံရတယ်.. ဒါကို မင်းသားနဲ့ မင်းသမီးဟာ မထင်မှတ်ဘဲ သူ့ကို လွှတ်ပေးလိုက်မိပါတယ်…. ၁၈နှစ်ကြာလောင်ကျွမ်းနေတဲ့ လက်စားချေလိုစိတ် ဒေါသမီးတွေနဲ့ ဒီမကောင်းဆိုးဝါးမကြီး လွတ်မြောက်လာတဲ့အခါမှာတော့ ဒီတ်မိသားစုလုံးကို ဘယ်လိုလက်စားချေလာတော့မလဲ….။ ဒီဇာတ်ကားမှာလည်း မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ မြှုပ်ကွက်လေးတွေပါနေလို့ ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်အပြင် ဟာသလေးတွေပါလို့ ဖန်သားပြင်ထက် မှာ အချိန်ပေးရကျိုးနပ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်..