Movie Name
Playful Kiss
Year
2010
Generes
Comedy, Romance
Code
SKR0281
Type
Series
Size
7 GB
Country
Korea
Description
ဇာတ်လမ်းအကျဉ်း......👇👇👇 အထက်တန်းကျောင်းရဲ့နှင်းဆီခိုင်ဘတ်ဆွန်းဂျို IQ 200ရှိပြီးချောမောတဲ့ရုပ်ရည် ခပ်မိုက်မိုက်စတိုင်ကြောင့် တစ်ကျောင်းလုံးကမိန်းကလေးတွေcrushရသူ. ဆွန်းဂျိုကိုကြိုက်နေတဲ့မိန်းကလေးတွေထဲမှာ အိုဟာနီလဲပါတာပေါ့ အိုဟာနီဆိုတာ အတန်းထဲမှာအဆင့်ကဘိတ်ဆုံး ရုပ်ရည်ကလဲသာမန်ပဲ ပျော်ပျော်နေတတ်ပြီးရှပ်ပြာပြာတလွဲတွေလုပ်တတ်တဲ့မိန်းကလေး. ဆွန်းဂျိုကိုcrushကြောင်း ရည်းစားစာပေးခဲ့ပေမယ့် စာလုံးပေါင်းသတ်ပုံအမှားတွေကြောင့်အရှက်ကွဲခဲ့ရတယ် သူမကိုအသည်းအသန်နှစ်တွေအကြာကြီးကြိုက်နေတဲ့ ငယ်သူငယ်ချင်း ဘုံဂျွန်ဂုရှိပေမယ့်လဲ အိုဟာနီကတော့ အချေဘတ်ဆွန်းဂျိုကိုပဲတစ်စိုက်မတ်မတ်ချစ်ခဲ့တယ် ကံကြမ္မာကအကြောင်းဖန်လာတော့ အိုဟာနီတို့အိမ်က ငလျင်ကြောင့်ပျက်စီးသွားခဲ့ပြီး အိုဟာနီအဖေရဲ့ငယ်သူငယ်ချင်း အိမ်မှာသွားနေဖို့ဖြစ်လာခဲ့တယ်။သူမအဖေရဲ့သူငယ်ချင်းဟာ ဆွန်းဂျိုရဲ့အဖေဖြစ်နေပြီး ဆွန်းဂျိုနဲ့အိုဟာနီတို့ တစ်အိမ်ထဲမှာတူတူနေရဖို့ဖြစ်လာတဲ့အခါမှာတော့ .... အိုဟာနီရဲ့စိတ်ရင်းမှန်အချစ်စစ်ကိုအေးတိအေးစက်နဲ့ မိန်းကလေးတွေကိုစိတ်မဝင်စားတဲ့ဘတ်ဆွန်းဂျိုက ခံစားသိရှိပါ့မလား ဘယ်လိုတွေ roမလဲ ဘယ်လိုတွေရီရမလဲ ကြည့်ဖူးသူတွေမှတ်မိမှာပါ😉ငယ်ငယ်ကအရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကားလေး အခုပြန်ကြည့်လဲလုံးဝမရိုးသွားဘူး ဇာတ်ကားကောင်းလေးတစ်ခုမို့လို့...ပြန်ကြည့်ချင်တဲ့သူတွေကော မကြည့်ရသေးတဲ့သူတွေကော အားပေးကြပါဦးနော် See Less