Movie Name
A Robot In The Orange Orchard (လိမ္မော်သီးလေးရဲ့ သောကြာကြယ်) (2022)
Year
2022
Generes
Drama, Romance
Code
SC0536
Type
Series
Size
6 GB
Country
China
Description
1-30 Completed A Robot in the Orange Orchard ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ I am not a robot ဆိုတဲ့ Kdrama လေးကို remake ဆန်ဆန်ရိုက်ကူးထားတဲ့ A Robot in the Orange Orchard ဆိုတဲ့ အယောင်အဆောင် စက်ရုပ်မလေးနဲ့ လူငယ် CEO လေးတိုကြားက အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် Main Casts တွေအနေနဲ့ကတော့ လူငယ်CEOလေး Lu Sen အဖြစ် Meteor Garden 2018ထဲက Feng Meizuo ဆိုတဲ့ ဇာတ်ကောင်နဲ့ နာမည်ရလာတဲ့ Connor Leong အယောင်အဆောင် စက်ရုပ်မလေး Friday နဲ့ တီထွင်ဖန်တီးသူ Yang Shanshan အဖြစ် Meteor Garden 2018 ထဲမှာ ပါဝင်ခဲ့ဖူးသလို Take my brother away ထဲက Shi Miao ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိတ်သတ်တွေချစ်တာခံရတဲ့ Sun Qian တိုက ပါဝင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လူသားတွေရဲ့ လိမ်ညာမှုတွေကြောင့် ဓာတ်မတည့်တဲ့ရောဂါကို ခံစားနေရတဲ့ Emu နည်းပညာလုပ်ငန်းစုရဲ့ CEO Lu Senအတွက် ဒေါက်တာ Fu Yang က စက်ရုပ်မလေးတစ်ယောက်ကို ဖန်တီးပြီး ကုသပေးဖို လုပ်ဆောင်ရာမှာ ပြဿနာတစ်စုံတစ်ရာကြောင့် သူ့လက်ထောက်မလေး Lu Shanshan က စက်ရုပ်မလေးFriday အဖြစ် ဟန်ဆောင်ဖို အကြောင်းဖန်လာပါတော့တယ် Friday ရောက်လာပြီးနောက်ပိုင်းမှာ Lu Senရဲ့ ရောဂါအခြေအနေဟာ တော်တော်လေး တိုးတက်ကောင်းမွန်လာခဲ့ပြီး စက်ရုပ်မလေး နဲ့ CEO လေးတိုဟာ တော်တော်လေးကို ရင်းနှီးလာခဲ့ပါတယ် Lu Sen ရဲ့ရောဂါအခြေ‌အနေ ကောင်းမွန်လာတာကို မကျေနပ်ကြတဲ့ တခြားရှယ်ယာရှင်တွေက Friday အကြောင်းကို အသေးစိတ်စုံစမ်းပြီး Lu Sen ကို ပြောပြလိုက်ပါတော့တယ် လူသားတွေက လိမ်တတ်ပေမယ့် စက်ရုပ်တွေက မလိမ်တတ်ဘူးလို ပြောခဲ့တဲ့ စက်ရုပ်မလေးFridayရဲ့ သရုပ်မှန်ကို သိလိုက်ရတဲ့နောက်မှာတော့ လိမ်တာကို ဓာတ်မတည့်တဲ့ Lu Sen နဲ့ စက်ရုပ်မလေးအဖြစ်ယောင်ဆောင်ထားတဲ့ Lu Shanshan တို ဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကိုတော့ CMကနေ မကြာခင်မှာ တင်‌ဆက်ပေးတော့မယ့် A Robot in the Orange Orchard ဆိုတဲ့ကားလေးမှာ စောင့်မျှော်ကြည့်ရှုလိုရပါတယ်နော်