-
Movie Name
-
Woori The Virgin (2022)
-
Year
-
2022
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0670
-
Type
-
Series
-
Size
-
5.13 GB
-
Country
-
Korea
-
Description
-
1-14 Completed
Woori The Virgin (အညွှန်း)
===================
SBS ကနေဒီနေ့မှာစပြသတဲ့ Romcom series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားလေးက 2014 တုန်းက USမှာထုတ်လွှင့်ခဲ့တဲ့ Jane The Virgin ကို
remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး
Im Soo Hyang, Sung Hoon, Shin Dong Wook, Hong JiYeon တို့က အဓိကပါဝင်ထားတာပဲဖြစ်ပါတယ်။
Woori >> နာမည်ကြီးဇာတ်လမ်းတွဲတွေရဲ့လက်ထောက်စာရေးဆရာမတစ်ယောက်ဖြစ်ပြီး
အသက် ၁၅နှစ်အရွယ်ကတည်းက ဘုရားသခင်ထံမှာ လက်မထပ်ခင်အချိန်အထိ
အပျိုစင်ဘဝကိုထိန်းသိမ်းထားပါ့မယ်လို့ ကတိကဝတ်ပြုထားသူပါ။
ဒီလိုနဲ့အရွယ်ရောက်လာတော့ Gang Jae ဆိုတဲ့စုံထောက်နဲ့တွဲနေပြီး
ရည်းစားသက်တမ်း ၂နှစ်ကြာအထိသူ့ရဲ့အပျိုစင်ဘဝကိုထိန်းသိမ်းထားတုန်းပါပဲ။
ရည်းစားဖြစ်သူကလည်း Woori ရဲ့ဆန္ဒကိုလေးစားပေးတဲ့သူပါ။
Raphael >> Cosmetics ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီး
အပြင်ပန်းအရတော့သွေးအေးတဲ့ပုံစံဆိုပေမယ့် တကယ်ကအရမ်းရိုဆန်တတ်ပြီး
တကယ်ချစ်ရတဲ့မိန်းကလေးနဲ့ဆုံစည်းလိုတဲ့သူပါ။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့
Lee Ma Ri ဆိုတဲ့အမျိုးသမီးရဲ့အကွက်ချလက်ထပ်တာကိုခံထားရတဲ့ သနားစရာသူဌေးလေးဖြစ်နေပါတော့တယ်။
ဒီလိုနဲ့တစ်နေ့မှာ Woori တစ်ယောက် ကျန်းမာရေးစစ်ဆေးမှုလုပ်ရင်း
OG ရဲ့မှားယွင်းမှုကြောင့် ဖန်ပြွန်သန္ဓေတည်သွားပါတော့တယ်။
ဒီကလေးရဲ့အဖေဖြစ်သူက အိမ်ထောင်သည် Raphael ဖြစ်နေတဲ့အခါ
Woori တစ်ယောက် ဘယ်လိုတွေကမ္ဘာပျက်မလဲ ..
တစ်ခါမှမသိခဲ့ကြတဲ့သူနှစ်ဦးက ကိုယ်ဝန်ပါရလာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ..
စတာတွေကို အခွီပေါင်းစုံနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။