-
Movie Name
-
Bloody Heart (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SKR0671
-
Type
-
Series
-
Size
-
9.72 GB
-
Country
-
Korea
-
Description
-
1-16 Completed
Bloody Heart (2022)
=================
အာဏာတွေ လွန်ဆွဲကာ အပြိုင်ချကြမယ့် ရဲရဲတောက်ထီးနန်းလု
ဇာတ်ကားသစ် “အနီရောင်နှလုံးသား”ဆိုတဲ့ ကိုရီးယားနန်းတွင်း
Historical drama အသစ်လေးထွက်ရှိလာပါပြီ။
အားလုံးသိပြီးသားဖြစ်တဲ့ ဝါရင့်မင်းသားကြီး အာဂျောရှီး Jang Hyuk
ပါဝင်ထားတဲ့ အပြင် Bulgasal ထဲက ဗီလိန်မင်းသားလေး Lee Joon က
အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတာမို့လို့အရမ်းမိုက်မယ့် ဒရမ်မာလေးပါ။
မင်းသမီးကလည်း ပြောစရာမလို Moon Lovers တို Start-Up တို့ထဲက
ဇာတ်ပို့ရော ဗီလိန်တင်မက အဓိကသရုပ်ဆောင်နေရာပါ ပိုင်နိုင်တဲ့ မင်းသမီး
Kang Han-Na ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်လေးကတော့ Lee Tae (Lee Joon) ရဲ့ အဖေဖြစ်သူက
Park Gye-Won (Jang Hyuk) ရဲ့ အကူအညီနဲ့ ယခင်မင်းကြီးကို ဖယ်ချနိုင်ပြီး
ဘုရင်အသစ်ဖြစ်လာခဲ့တယ်။ အဲလိုနဲ့ သူ့အဖေရဲ့ အရိုက်အရာကိုဆက်ခံပြီးနောက်
မင်းသား Lee Tae နောက်တက်တဲ့ဘုရင်ဖြစ်လာတဲ့အခါ… တရားမျှတမှုနဲ့ ကိုယ်
နန်းတက်တာ ကိုယ့်အရည်အချင်းကြောင့်လို ယုံကြည်ထားတဲ့ မင်းသား Lee Tae မှာ
ကိုယ်ပိုင်အုပ်ချုပ်ကွပ်ကဲချင်ခဲ့ပါတယ်။
ဒါပေမဲ့ နန်းတွင်းကားထုံးစံအတိုင်း ဘုရင့်ဆန္ဒအတိုင်းမဖြစ်ရဘဲ ကြားက အကြံပေး
အမတ်ဖြစ်တဲ့ Park Gye-Won သဘောအတိုင်း အကုန်စီမံအုပ်ချုပ်ရပါတယ်။
ဘုရင် Lee Tae နှစ်သက်တဲ့ မိဖုရားအဖြစ်ရွေးချယ်ထားသူ Yoo Jung (Kang Han-Na) မှာ
မြင့်မြတ်တဲ့မိသားစု အာဏာမက်တဲ့မိသားစုမှ ဆင်းသက်လာသူဖြစ်တာမို့ ဘယ်လိုမျိုး
ဝင်ရောက်စွက်ဖက်ပြီး ထီးနန်းအာဏာတွေလုကြဦးမလဲ။ ဘုရင်ထက်ပို အာဏာပါဝါ
ကြီးနေတဲ့ Park Gye-Won လက်အောက်ကရော လွတ်နိုင်မလား၊ သွေးစွန်းတဲ့ ဓားကိုင်သူက
ဘယ်သူလဲဆိုတာ လောင်လောင်မြိုက်မြိုက်ကြည့်ရမယ့် ဒီဇာတ်လမ်းတွဲလေးကို အပတ်စဉ်
တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း CM မှာ ကြည့်လို့ရနေပါပြီ။