Movie Name
Jai Ho (2014)
Year
2014
Generes
Action, Drama
Code
00127
Type
Movie
Size
1.60 GB
Country
Bollywood
Description
ဇာတ်လမ်းအကျဉ်း Jai. Ho ဆိုသောသူသည် သူ၏ ကူညီမှု formula အားအကောင်အထည်ဖော်လျက်ရှိသူဖြစ်သည် သူ၏ ဖော်မြူလာမှာ သူက တစ်ဦးအားကူညီပေးလျှင်ထိုသူဆီမှ ကျေးဇူးတင်စကားထက်ထိုသူမှတစ်ဆင့် လူသုံးဦးအားအခါအခွင့်သင့်လျှင်ပြန်လည်ကူညီပါမည်ဟူသောကတိစကားအားသာလျှင်တောင်းခံလေ့ရှိသည် လက် မသန်စွမ်းသောမိန်းကလေးတစ်ဦး၏ သေဆုံးမှုကြောင့်လည်းသူ၏ကူညီချင်လိုစိတ်သည်ပိုမိုပြင်းပြလာခဲ့သည် ထိုမိန်းကလေးသည် စာမေးပွဲဖြေ ဆိုချိန်တိုင်း သူ၏အစ်ကိုအားအကူရေးခိုင်း၍ဘေးမှရွတ်ဆိုပေးရသည်စာတော်သူတစ်ဦးလည်းဖြစ်၍တစ်နေ့စာမေးပွဲဖြေဆိုချိန် တွင်ကားလမ်းကြပ်နေသောအစ်ကို့ခရီးအားမျှော်ရင်း အချိန်မလောက်မှုကြောင့်စာမေးပွဲအား တုံးတိလက်လေးဖြင့်ကြိုးစားဖြေခဲ့သည်။သို့သော် စိတ်ဓာတ်ကျဆင်း၍သာလျှင်မိမိကိုယ်ကိုအဆုံးစီရင်ခဲ့လေသည်။ ထိုကားလမ်းပိတ်မှုမှာ အာဏာရှိသူ၏ သမီးလာမည်ကိုကြိုဆိုသောကြောင့်ကြိုတင်ပိတ်ထားသည်ကိုအစ်ကို သိသောအခါဝန်ကြီးအားသွားတိုင်ကြားသော်လည်းအခွင့်မသာ အဆင်မပြေခဲ့နောက်ဆုံး အသတ်ခံရသည်အထိဖြစ်သွားခဲ့ရသည် ဤဖြစ်ရပ်အား Jai ho သိလျှင်ဝန်ကြီးအား သွားရောက်ကြိမ်းမောင်းရာဗလတောင့်သော တပည့်တပန်းများနှင့်မည်သို့ရင်ဆိုင်ရမည်ကိုလည်းကောင်း ထိုနောက် ခပ်ကြမ်းကြမ်းဇာတ်ကွက်များနှင့် မည်သို့ရင်သပ်ရှုမောဖွယ်ကြည့်မြင်ရမည်ကိုလည်းကောင်း ထိုနိုင်ငံ၏ အာဏာရသူနားသို့ Jai ho ၏ ကူညီမှု ဖော်မြူလာမည်သို့ရောက်ရှိသွားမည်ကိုလည်းကောင်း ထိုမျှမက ခပ်လန်းလန်းကောင်မလေးနှင့်Jai ho တို့၏အချစ်ဟာသ ဇာတ်ကွက်များအားလည်းကောင်း နှလုံးသားယဉ်ပါးသော်လည်း ဒေါသအဟုန်တို့၏ အဟုန်ကြောင့်တောရဲခြင်္သေ့တစ်ကောင်ကဲ့သို့တိုက်ကွက်များအားလည်းကောင်း သူ၏ကူညီမှုဖြင့် တစ်နိုင်ငံလုံးအထိပြန့်နှံ့သွားပုံအားလည်းကောင်း ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမည်ဖြစ်ပါတယ် သူငယ်ချင်းတို့