-
Movie Name
-
Hello My Girl (နှင်းပွင့်မြေကကျွန်တော့်ကြင်သူ) (2022)
-
Year
-
2022
-
Generes
-
Comedy, Romance
-
Code
-
SC0538
-
Type
-
Series
-
Size
-
5.26 GB
-
Country
-
China
-
Description
-
1-24 complete
စဆုံးရပါပိ ☺😍
တက်တက်ကြွကြွနဲ့ ချိုမြိန်ပြီးချစ်ဖို့ကောင်းတဲ့ လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းတွဲလေးတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးတို့လက်မလွှတ်သင့်တဲ့ နှင်းပွင့်မြေက ကျွန်တော့်ကြင်သူ( Hello, My Girl ) ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ယန်ရိရှန်း ဟာ INTJ type ဖြစ်တဲ့ ရှန်ဟိုင်းသား(တောင်ပိုင်းသား) လူငယ်လေးတစ်ယောက်၊ စေ့စပ်သေချာပြီးဇီဇာကြောင်တတ်သူ၊ ကိုယ့်ကိုယ်ကိုစည်းကမ်းကြီးပြီးတော့ တောင်ပိုင်းသားတွေရဲ့စမတ်ကျတဲ့ပုံစံကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ အရှေ့မြောက်ပိုင်းကိုရောက်ရှိလာချိန်မှာတော့ ဒေသခံတွေရဲ့တက်ကြွမှုတွေကြောင့် ဒီဒေသရဲ့နေထိုင်မှုပုံစံတွေနဲ့သူ့ကိုအသားမကျဖြစ်စေခဲ့တာပေါ့..
ကျောက်သောသော ကတော့ ENFP type ဖြစ်တဲ့ အရှေ့မြောက်ပိုင်းသူတစ်ယောက်၊ ပွင့်လင်းပြီးပေါက်ကွဲလွယ်တဲ့ဒေါသအိုးလေး၊ အတွေးအခေါ်ကောင်းသူတစ်ယောက်၊ သူငယ်ချင်းတွေကိုခေါ်ပြီး စည်စည်ကားကားရှိတာတွေကိုနှစ်သက်တယ်၊ သူတစ်ပါးကိုစောင့်ရှောက်ရတာလဲသဘောကျပြီး လွတ်လွတ်လပ်လပ်နေတတ်သူလေး..
ယန်ရိရှန်းက အချုပ်အချယ်ကင်းပြီးလွတ်လပ်တဲ့ဘဝကိုနေထိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အရှေ့မြောက်ပိုင်းဒေသမှာကျောင်းတက်ဖို့လာရောက်ခဲ့ပါတယ်။ ယန်ရိရှန်းနဲ့ ကျောက်သောသောရဲ့တွေ့ဆုံမှုက ခပ်မိုက်မိုက်တောင်ပိုင်းသားနဲ့ အရှေ့မြောက်ပိုင်းဆိုက်ဘေးရီးယန်းကျားမလေးရဲ့တိုက်ပွဲတစ်ခုလိုပါပဲ
အချင်းချင်းမကြိုက်ကြပဲ အမြဲတမ်းရန်ဖြစ်နေကြတဲ့သူငယ်ချင်းတွေအဖြစ်ကနေ တဖြည်းဖြည်းဆွဲငင်လာကြပြီးချစ်မိပြီးနောက်ပိုင်းမှာတော့ ဘယ်လိုကြည်နူးစရာလေးတွေဆက်ဖြစ်ကြမလဲ
ရာသီဥတု၊ အပူချိန်၊ အစားအစာ၊ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု ကွဲပြားခြားနားလွန်းတဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်း.. ကြီးပြင်းလာတဲ့နေရာဒေသပတ်ဝန်းကျင်မတူညီတဲ့ သူတို့ ၂ ယောက်ရဲ့နေထိုင်မှုပုံစံကွာခြားချက်တွေက ဘယ်လိုရယ်မောစရာမတော်တဆလေးတွေဖြစ်စေမလဲ
ဒီလိုပေါ့ပေါ့ပါးပါး တက်တက်ကြွကြွလူငယ်အချစ်ဇာတ်လမ်းလေးမှာ
ယန်ရိရှန်း အဖြစ် Ao Ziyi နဲ့
ကျောက်သောသော အဖြစ် Huang Cancan တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။
အပြင်မှာ ၈ နှစ်နီးပါးလောက်ကွာတဲ့ မနဲ့မောင် ပေမယ့် ဇာတ်လမ်းထဲမှာ အတိုင်အဖောက်ညီညီနဲ့ ချစ်ဖို့ကောင်းနေကြတာမလို့ ကြည့်ရှုရတာသဘောကျစေမယ့်ဇာတ်လမ်းလေးပါနော်..
ရှန်ဟိုင်းသားလေးယန်ရိရှန်းတစ်ယောက် အရှေ့မြောက်ပိုင်းသူလေး နဲ့တွေ့ရှိပြီးနောက်မှာ ဘယ်လိုချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာမလဲဆိုတာ မကြာခင်ကြည့်ရှုကြရတော့မှာပဲဖြစ်ပါတယ်။