-
Movie Name
-
Two Summers (2022)
-
Year
-
2022
-
Generes
-
Thriller
-
Code
-
SE0274
-
Type
-
Series
-
Size
-
2.33 GB
-
Country
-
Hollywood
-
Description
-
1-6 Completed
Two Summers (2022)
Thriller-Mystery seriesပိုင်းမှာ အင်္ဂလိပ်စကားပြော မဟုတ်တဲ့seriesတွေဟာ
အဆင့်အတန်း တစ်ခုထိရှိကြောင်း Netflix ကနေအကြိမ်ကြိမ် သက်သေပြထားသလို
ဒီတစ်ခေါက်မှာလည်း IMDb 7.0 ရှိပြီး Total Epi၆ပိုင်းတည်းနဲ့ Thriller အရသာကို အပြည့်အဝခံစားရစေမယ့်
ထူးထူးခြားခြား ဘယ်ဂျီယမ် မီနီစီးရီးလေး တစ်ခုတင်ဆက်ပေးလိုက်ပါတယ်။
ငယ်ငယ်ကတည်းက ပေါင်းလာကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စုဟာ
နွေရာသီတစ်ခုမှာ ပျော်ပွဲစားထွက်လာရင်း မတော်တဆတစ်ခုကြောင့်
အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် သေဆုံးသွားပြီးနောက်ပိုင်း
အဖွဲ့တွေကွဲ၊ အဆက်အသွယ်တွေပြတ်ပြီး ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်လာရင်း
နှစ်၃၀အကြာ လက်ရှိကာလမှာ ကွဲနေတာကြာပြီဖြစ်တဲ့ ငယ်ပေါင်းကြီးဖော်တွေ
နွေဥတုတစ်ခုမှာပဲ ပြန်လည်ဆုံတွေ့ပြီး ကျွန်းတစ်ခုကို အပန်းဖြေခရီး ထွက်လာကြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ခရီးစဉ်ဟာ ပျော်ဖို့ကောင်းမနေဘဲ လွန်ခဲ့တဲ့နှစ် ၃၀
ပျော်ပွဲစားတုန်းက အဖွဲ့ထဲက ယောကျ်ားလေးတွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုကို
သက်သေနှင့်တကွ ခြိမ်းခြောက်ပြီး ငွေညှစ်လာတဲ့အဖြစ်နဲ့ ကြုံတွေ့လာရပါတယ်။
အဲဒီသက်သေဆိုတာက ထိုအချိန်ကတည်းက ဖျောက်ဖျက်ပြီးသား သက်သေဖြစ်နေလို့
ငွေညှစ်သူအနေနဲ့ ဒီအထောက်အထားကို ဘယ်ကရလာသလဲဆိုတာ ပဟေဠိဖြစ်နေသလို
ခြိမ်းခြောက်သူဟာ ဒီပြစ်မှုအကြောင်းကို သိထားတဲ့ ဒီ သူငယ်ချင်းတွေထဲကပဲ ဖြစ်မယ်ဆိုပြီး သံသယတွေ ဝင်လာကြပါတယ်။
သူတို့အနေနဲ့ တရားခံကို ရှာတွေ့သွားမလား၊
သူတို့ထင်ထားသလို ငွေညှစ်သူအစစ်က သူငယ်ချင်းတွေထဲကပဲလား၊
ငွေညှစ်သူကပဲအဲဒီသက်သေအထောက်အထားကို လူသိရှင်ကြားပြပြီး သူတို့ကို ဒဏ်ခတ်သွားမလား၊
ဟိုအရင်နှစ်၃၀ နွေကာလတစ်ခုမှာ မှားခဲ့တဲ့အမှားတစ်ခုဟာ
ပစ္စုပ္ပန်နွေကာလအထိ သူတို့ကို သောကမီးတွေ ဘယ်လောက် လောင်မြိုက်စေမလဲဆိုတာကို ကြည့်ရှုရမှာ