Movie Name
Escaype Live (2022)
Year
2022
Generes
Crime, Sci-Fi
Code
SIND0032
Type
Series
Size
3.8 GB
Country
Bollywood
Description
1-9 Completed ဒီနေ့မှာတော့ IMDb 8.2/10 ရ အိန္ဒိယ social thriller web series ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ “Escaype Live” ဆိုတာ ဘာလဲ? အနီးစပ်ဆုံးပြောရရင်တော့ Tik Tok တို့ Instagram reels တို့လို တရုတ်အခြေစိုက် video sharing app တစ်ခုပါပဲ။ ကိုယ်ကြိုက်တဲ့ဗီဒီယိုတွေရိုက်တင်မယ် .. live လွှင့်မယ် .. သဘောကျနှစ်သက်တဲ့သူတွေက အသည်းလေးတွေပေးမယ် .. တချို့ပိုကဲတဲ့သူတွေကကျ ပိုက်ဆံနဲ့ပေးဝယ်ရတဲ့စိန်တုံးတွေဝယ်ပေးမယ်။ ဒီမှာဘာပိုမက်မောစရာဖြစ်သွားလဲဆိုတော့ စိန်တုံးရတဲ့သူတွေက ကိုယ်ရတဲ့စိန်တုံးအရေအတွက်အလိုက်ပိုက်ဆံရမှာဖြစ်ပြီး အဲဒီပိုက်ဆံကိုတော့ ကုမ္ပဏီနဲ့ 50-50 ခွဲဝေယူရမှာပါ။ ဒီလိုအပေါ်ယံကြည့်မယ်ဆိုရင်တော့ ဒီ App ကသုံးပျော်စရာပေါ့ .. ကိုယ်နှစ်သက်ရာကိုလည်း လူတွေနဲ့ဝေမျှလို့ရမယ် ပိုက်ဆံလည်းရမယ်ဆိုတော့ .. ။ “ဖုန်းရှိတဲ့သူတိုင်း စတားတစ်ယောက်ဖြစ်နိုင်ပါတယ်” ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ ဒီကုမ္ပဏီက တစ်နေ့မှာတော့ တစ်လအတွင်း စိန်တုံးအများကြီးရတဲ့ပါရမီရှင်ကို ရူပီး သန်း 30 ဆုချမယ်ဆိုပြီး မက်လုံးပေးကြေညာလိုက်ပါတော့တယ်။ အကဝါသနာရှင်, prank လုပ်ရတာပျော်တဲ့သူ, Stunt သမား, အမျိုးသားတို့သဘောကျ မလုံ့တလုံလေးတွေကိုမှ liveလွှင့်ပြကြတဲ့မိန်းမလှလေးတွေ .. စတဲ့သူတွေက ကိုယ်ကျွမ်းကျင်ရာတွေနဲ့ စိန်တုံးပိုရရေး အပြိုင်အဆိုင်ကြိုးစားကြတော့တာပေါ့။ ဒါပေမယ့် ဒီ Escaype Live app ကုမ္ပဏီက ”ဖျော်ဖြေရေးစီးပွါးရေးလုပ်ငန်း”အမည်ခံပြီး ဖျော်ဖြေရေးထက် လူတွေအားလုံးဆီကနေအခန့်သားအမြတ်ထုတ်ကုပ်သွေးစုပ်နေတဲ့ .. နောက်ကွယ်မှာ dark side အပြည့်နဲ့ social media platform တစ်ခုဖြစ်နေတဲ့အခါ ..။ မတူညီတဲ့ခေါင်းစဉ်တွေနဲ့ အပိုင်းစုစုပေါင်း 9ပိုင်းပါဝင်ပြီး စိတ်ဝင်စားစရာစီးရီးလေးမို့ အချိန်ပေးကြည့်ရင်း ကိုယ်လည်းဘယ်လိုအမြတ်ထုတ်ခံနေရတဲ့လူမျိုးဖြစ်နေပြီလဲဆိုတာ စဉ်းစားကြည့်ရအောင်လား:’) (ဖွဘုတ်ပွတ်ဖို့ operator တွေကိုလုပ်ကျွေးနေရတာကတော့ အမြင်သာဆုံးပေါ့နော်:3)