Movie Name
Supernatural Academy (2022)
Year
2022
Generes
Animation, Sci-Fi
Code
SAN0075
Type
Series
Size
3.11 GB
Country
Hollywood
Description
1-16 Completed Supernatural Academy (2022) ဟယ်ရီပေါ်တာဇာတ်လမ်းမတိုင်ခင်ထဲက မှော်ကျောင်းတွေ၊ မှော်ပညာတွေကိုအခြေခံတဲ့ ဇာတ်လမ်း၊ဝတ္ထုတွေဟာ လူတွေကြားမှာခေတ်စားနေခဲ့တာပါ။ ခေတ်တွေ အဆက်ဆက်ပြောင်းလာတာနဲ့အမျှ ဖန်တီးသူတွေကလည်း ပရိသတ်တွေကိုအသစ်အဆန်းတွေချပြဖို့အမြဲကြိုးစားလေ့ရှိပါတယ်။ Chilling Adventures of Sabrina, The Owl House, Fate: The Winx Saga စသဖြင့် မှော်အစွမ်းတွေ၊ မှော်ပညာတွေကိုအခြေခံတဲ့ Live action ရော Animated Series တွေကိုပါ အမြဲဖန်တီးနေကြပေမယ့်လည်း လူငယ်တွေအကြိုက် မှော်ကျောင်းတော်ကြီးတွေနဲ့ အဲဒီကကျောင်းသားလေးတွေရဲ့စွန့်စားခန်းတွေအကြောင်း ကာတွန်းဖြစ်စေ၊ တကယ့်ရုပ်ရှင်ဖြစ်စေ အခုထိရိုးမသွားသေးတာတော့အမှန်ပါပဲ။ ဒီတစ်ခါ Supernatural Academy ဆိုတဲ့ ကာတွန်းဇာတ်လမ်းတွဲလေးကတော့ ယခုနှစ်မှ Season(1) ထွက်ရှိထားတာဖြစ်ပြီး အပိုင်း(16) ပိုင်းပါဝင်ပါတယ်။ နာမည်မှာထဲက အကယ်ဒမီဆိုတဲ့အတိုင်းပဲ မှော်ကျောင်းကြီးတစ်ခုကိုအခြေခံထားပါတယ်။ တခြားဇာတ်လမ်းတွေနဲ့မတူတာကတော့ သူတို့ကျောင်းဟာ မှော်ဆရာတွေ၊ စုန်းမတွေသက်သက်မဟုတ်ပဲ တခြားမှော်ဆန်တဲ့သတ္တဝါတွေ ပုံစံပေါင်းစုံနဲ့ပါဝင်နေတာပါ။ ပထမဆုံးအပိုင်းကိုကြည့်လိုက်ရင်တော့ ဇာတ်ကောင်တွေရဲ့ပုံစံတွေက ကြည့်ရတာရိုးနေသလို ကလေးဆန်သလိုလိုထင်ရပေမယ့် တကယ်တမ်းဇာတ်လမ်းဇာတ်အိမ်က ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာတော့လောလောဆယ် ဝက်ဝက်ကွဲအောင်မြင်တဲ့ အနေအထားမျိုးမရောက်သေးပေမယ့် တစ်ချိန်မှာလူတွေပါးစပ်ဖျားရောက်လာမယ့် မှော်ကာတွန်းဇာတ်လမ်းတစ်ခုဖြစ်လာမယ်လို့ ပြောနိုင်တဲ့အဆင့်တစ်ခုမှာရှိပါတယ်။ စာရေးဆရာမ Jaymin Eve ရဲ့ဝတ္ထုတွဲကိုကာတွန်းစီးရီးအဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး စာအုပ်အနေနဲ့ကတော့ ငါးအုပ်ထွက်ရှိထားပါတယ်။ ဝတ္ထုကလည်းအထိုက်အလျောက် အောင်မြင်ပြီးသားဖြစ်တာကြောင့် ဇာတ်လမ်းကတော့မညံ့တာ အသေအချာပါ ။ ဒါ့အပြင် Animation ကလည်း အတိုင်းထက်အလွန်မကောင်းနေရင်တောင် အပြစ်ပြောစရာမရှိပါဘူး။ မှော်ပညာနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ၊ ကာတွန်းကားတွေကိုကြိုက်တတ်ပါတယ်ဆိုရင်တော့ လက်မလွှတ်ပဲကြည့်သင့်တဲ့အပြင် Season(2) ကိုမျှော်နေမိမှာကျိန်းသေပါပဲ။