Movie Name
Gaslit (2022)
Year
2022
Generes
Drama
Code
SE0275
Type
Series
Size
3.09 GB
Country
Hollywood
Description
1-8 Completed Gaslit (2022) ၁၉၇၂ခုနှစ်မှာ အ​မေရိကန်ပြည်​တောင်စုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့ ဝါးတားဂိတ်အ​ရှုပ်​တော်ပုံကြီးကို အ​ခြေခံကာ ​နောက်ကွယ်ကအရှုပ်အရှင်းပြဿနာ​တွေကို အ​မေရိကန်နိုင်ငံ​ရှေ့​​​နေချုပ်ကြီးရဲ့ ဇနီး မာသာမစ်ချယ်ရဲ့ရှူ​ထောင့်က​နေ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Starz channelမှာ ပြသ​နေတာဖြစ်ပြီး IMDb 6.8နဲ့ Rotten Tomatoes 88%ထိ ရထားပါတယ်၊ အဓိကဇာတ်လိုက် မာသာမစ်ချယ်​နေရာမှာ သရုပ်​ဆောင်ထားသူက​တော့ ဝါရင့်မင်းသမီးကြီး ဂျူလီယာ​ရောဘတ်ပဲဖြစ်ပြီး ​ရှေ့​နေချုပ်ဂျွန်မစ်ချယ်အဖြစ် Mystic River, Milkတို့ရဲ့မင်းသား၊ Into The Wildရဲ့ဒါရိုက်တာ ​ရှောင်ပင်းလို ဝါရင့်သမ္ဘာရင့်​တွေက ဦး​ဆောင်ပါဝင်ထားပါတယ်။ ဝါးတားဂိတ်အရှုပ်​တော်ပုံဆိုတာ သမ္မတနစ်ဆင်လက်ထက် ၁၉၇၂ခုနှစ်ရဲ့ရွေး​ကောက်ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်၊ ၁၉၆၈​ ရွေး​ကောက်ပွဲ အနိုင်ရသူအဖြစ် သမ္မတဖြစ်လာတဲ့ရစ်ချက်နစ်​ဆင်ဟာ ၁၉၇၂မှာ ဒုတိယသမ္မတသက်တမ်းအတွက် ထပ်မံ အ​ရွေးခံခဲ့ပါတယ်၊ ဒီတစ်ကြိမ်မှာလည်း ​သူပဲ ထပ်ပြီးအနိုင်ရမယ်လို့ ထင်​ကြေး​ပေး​ခံထားရတာပါ၊ ဒါ​ပေမဲ့ သမ္မတရာထူးအတွက် အတိမ်းအ​စောင်းအဖြစ်မခံနိုင်ခဲ့တဲ့ သူဟာ ​ခြေဥ​ဖောက်တဲ့ ဥပ​ဒေမဲ့လုပ်ရပ်​တွေကို ကျူးလွန်ခဲ့ပါတယ်။ ဒါက​တော့ သူဖွဲ့စည်းထားတဲ့ သမ္မတပြန်​ရွေး​ကောက်ခံ​ကော်မတီမှတဆင့် သူ့ရဲ့ သမ္မတအင်အားနဲ့ ပြိုင်ဖက်ပါတီဖြစ်တဲဲ့ ဒီမိုကရက်တစ် ပါတီအ​ပေါ် အဖျက်အ​မှောင့်မျိုးစုံလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ အဆိုပါ လုပ်ငန်း​တွေဟာ ၁၉၇၂ခု ဇွန်လ ၁၇ရက်မှာ ဒီမိုကရက်တစ်​ နေရှင်နယ်​ကော်မတီရဲ့ ရုံးချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အ​ဆောက်အအုံတွင်း အသံဖမ်းစက်တပ်ပြီး သတင်းရယူဖို့ ကြိုးစားခဲ့တဲ့ လူ၅​ယောက်ကိုဖမ်းဆီးမိခဲ့ရာမှ တစ်စငင် တစ်စင်ပါ ဆိုသလို နစ်ဆင်နဲ့ လက်​အောက်ငယ်သား​တွေရဲ့ ကျင့်ဝတ်​ဖောက်ခဲ့မှု​တွေ တန်းစီ​ပြီး ပေါ်လာခဲ့ပါတယ်၊ ရစ်ချက်နစ်ဆင်ဟာလည်း ထိုအ​ရေး​ကြောင့် အ​မေရိကန်သမ္မတ​တွေထဲမှာ ပထမဆုံးနဲ့တစ်ဦးတည်း​သော သမ္မတရာထူးမှ နှုတ်ထွက်​ပေးခဲ့ရသူ ဖြစ်လာခဲ့ပါတယ်။ အထက်မှာ မိတ်ဆက်​​​ပေးခဲ့တဲ့ ​​ယူအက်စ်ရှေ့​နေချုပ်ကြီး ဂျွန်မစ်ချယ်က နစ်ဆင်ရဲ့ ပြန်ရွေး​ကောက်ခံ​ ကော်မတီခေါင်း​ဆောင်ပါ၊ သူကမှ တဆင့် မဲဆွယ်ကာလ အဖျက်လုပ်ငန်း​တွေကို လုပ်ဆောင်သွားတာပါ၊ သူ့ရဲ့ဇနီး မာသာမစ်ချယ်က​​​​ ပွင့်လင်းလွန်းသူ၊ ပါးစပ်စည်းမ​စောင့်တတ်သူအဖြစ် နိုင်ငံ​ရေးအသိုင်းအဝိုင်းမှာ ​နာမည်ကြီးပါတယ်၊ အတည်မပြုနိုင်​သေးတဲ့ တချို့သတင်း​တွေအရ ဝါးတားဂိတ်အရှုပ်​တော်ပုံကို သဲလွန်စ,စရခဲ့တာ သူ့ရဲ့အင်တာဗျုးကဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒီစီးရီးမှာ​တော့ နစ်ဆင်နဲ့ သူရဲ့မဲဆွယ်​ကော်မတီတို့ ဒီမိုကရက်တစ်ပါတီကို ဘယ်လို နည်းလမ်း​တွေနဲ့ ​နှောင့်ယှက်ခဲ့သလဲ၊ နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးရှင်​တွေကြား အားပြိုင်မှု​​က ဘယ်​လောက်ထိပြင်းထန်လဲ၊ နိုင်ငံ​ရေး လှည့်ကွက်​တွေကို ဘယ်လို အပြိုင်အဆိုင်သုံးကြမလဲဆိုတာ အ​သေးစိတ် မြင်​တွေ့ရမှာပါ၊ ဒါ့အပြင် မာသာမစ်ချယ်တို့ဇနီး​မောင်နှံရဲ့ အိမ်​ထောင်​ရေးပြဿနာ၊ သူ့ရဲ့နှုတ်ဖွာမှုနဲ့ အထက်လူကြီး​တွေကြားက အမုန်း အာဃာတ၊ စတာ​တွေကို ရသစုံကြည့်ရှုခံစားရမယ့် သုတ၊ရသ ​၂ခုလုံး​​ကို ပေးနိုင်မယ့် ဇာတ်လမ်းတွဲ​ကောင်းပဲ ဖြစ်ပါတယ်၊ တကယ်လို့ သင်က ဖြစ်ရပ်မှန်​တွေ စိတ်ဝင်စားတယ်၊ နိုင်ငံ​ရေးသမိုင်း​ကြောင်းနဲ့ ​နောက်ကွယ်က ဖြစ်ရပ်​တွေကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်းတွဲက သင့်အတွက်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။