Movie Name
Legacy (2022)
Year
2022
Generes
Drama, Historical, War
Code
SC0539
Type
Series
Size
10.8 GB
Country
China
Description
Legacy CM ချစ်ပရိသတ်ကြီးရေ ! ဒီတစ်ခါလည်း CM ကနေကားကောင်းလေးတစ်ကားဖြစ်တဲ့ Legacy ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပြန်ပြီနော်။ ဇာတ်ကားထဲမှာအဓိကပါဝင်သရုပ်ဆောင်ပေးထားတာတွေကတော့ Story of Yanxi Palace ဇာတ်ကားထဲက Fuca Rongyin အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Qin Lan, Royal Feast ဇာတ်ကားထဲက Yao Zi Jin အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Wu Jin Yan, Royal Feast ဇာတ်ကားထဲမှ Hu Shan Xiang အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Zhang Nan, The Wind Blows From LongXi ထဲက 1-45 Completed Feng Ying အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား Nie Yuan , Han Geng အစရှိတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတော့ ကားကောင်းလေးတစ်ကောင်းဖြစ်မှာအသေအချာပါဘဲနော်။ ဇာတ်လမ်းလေးကတော့ (၁၉၂၀) ခုနှစ်ပတ်ဝန်းကျင်လောက်ကို ဇာတ်အိမ်တည်ထားပြီး ရှန်ဟိုင်မြိုရဲ့အကြီးစားကုန်သည်ဖြစ်တဲ့ Yi မိသားစုကြီးကတော့ အမွေပြသာနာနဲ့ခေါင်းကိုက်နေရပါတယ်။ အကြောင်းရင်းကတော့တစ်ဦးတည်းသောသားဖြစ်တဲ့ Yi Zhong Jie က မိဘစီးပွားရေးကိုစွန့်လွှတ်ပြီး ဆေးပညာကိုသင်ယူခဲ့တာကြောင့် ကျန်တဲ့သမီးသုံးယောက်ထဲကတစ်ယောက်ကို အမွေဆက်ခံသူအဖြစ် ရွေးချယ်ရပါတော့တယ်။ အကြီးဆုံးသမီးဖြစ်တဲ့ Yi Zhong Ling (Qin Lan)၊ အလတ်သမီးဖြစ်တဲ့ Yi Zhong Yu (Wu Jin Yan)၊ အငယ်ဆုံးသမီးဖြစ်တဲ့ Yi Zhong Xiu (Zhang Nan) ဆိုတဲ့ ဖအေတူမအေကွဲပြီး အကျင့်စရိတ်၊အရည်အချင်းတွေနဲ့ မတူညီတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့ ညီမအစ်မသုံးယောက်ပေါ့။ သမီးသုံးယောက်လုံးကလည်း အမွေဆက်ဆံဖိုအတွက် နည်းလမ်းမျိုးစုံထုတ်သုံးပြီးကျွမ်းကျင်ရာနည်းလမ်းတွေနဲ့ စီးပွားရေးကိုတိုးတက်အောင်ကြိုးစားကြပါတော့တယ်။ (၁၉၄၀) ခုနှစ်ဂျပန်တွေကျူးကျော်ဝင်ရောက်ပြီး ရှန်ဟိုင်ကိုသိမ်းပိုက်လာတဲ့အချိန်မှာ Yi Xing Hua က ဂျပန်ကိုဆန့်ကျင်တယ်လို အကြောင်းပြပြီး တိုက်ခိုက်ခံရတဲ့အချိန်မှာတော့….. CM ပရိသတ်ကြီးရေ မတူညီတဲ့အရည်အချင်းတွေရှိတဲ့ ညီအစ်မသုံးယောက် အမွေဆက်ခံဖိုအတွက် ဘယ်လိုကြိုးစားကြမလဲ? Yi XIng Hua ဆုံးဖြတ်ထားတဲ့ အမွေဆက်ခံသူက ဘယ်သူဖြစ်မလဲ ? သူကကောတကယ်လှုပ်ရှားမှုထဲမှာပါဝင်ပတ်သက်နေတာလား? . . . ဆိုတဲ့မေးခွန်းပေါင်းများစွာကိုသိရဖိုအတွက် ဒီကားလေးကို ကြည့်ရူလိုက်ကြရအောင်~