-
Movie Name
-
As The Crow Flies (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SOT0004
-
Type
-
Series
-
Size
-
3.20 GB
-
Country
-
Others
-
Description
-
1-8 Completed
2022 ဇွန်လ ၃ရက်နေ့ မှ ထုတ်လွှင့်ခဲ့တဲ့ netflix မှာထုတ်လွှင့်နေတဲ့
တူရကီ စီးရီးအသစ်ဆက်ဆက်လေး လာပါပြီ
စီးရီးလေးကတော့ ဒရာမာ အမျိုးအစားကားလေးဖြစ်ပြီး
အပိုင်း ၈ ပိုင်းထွက်ရှိထားပြီးဖြစ်ပါတယ်။
” မုဆိုး နဲ့ သားကောင် ဖြစ်တဲ့ တောဘုရင် ခြင်္သေ့ ကြီးနဲ့ သူ့ရဲ့ သားကောင် ငှက်ငယ် ကျီးကန်း လေး ”
လာလေ ကီရန်ကတော့ နာမည်ကြီး ဂျာနယ်လစ်တစ်ယောက်
တစ်နည်းအားဖြင့်ပြောရရင် ထိပ်ဆုံးမှာ အောင်မြင်မှုရနေတဲ့ တောဘုရင် ခြင်္သေ့ကြီးပေါ့
အက်စ်လီကတော့ ငယ်ငယ်ထဲက လာလေကို ကြည့်ပြီး
သူ့လို အောင်မြင်တဲ့ ဂျာနယ်လစ်သမားတစ်ယောက် ဖြစ်ချင်တဲ့ လူငယ်လေး
ကျီးကန်းလေး ပျံသန်းသလို ရည်မှန်းချက်ကို ကြိုးစားပျံသန်းနေတဲ့ သူတစ်ယောက်
တစ်ဆင့်ချင်းစီတက်ပြီး ရည်မှန်းချက်ရောက်ဖို့ ကြိုးစားရမယ့်အစား ဖြတ်လမ်းနည်း
ရရာနည်းလမ်းကို သုံးကာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ငှက်ငယ်လေး အက်စ်လီ
ခြင်္သေ့တစ်ကောင်လို ရဲရင့်ပြီး ထိပ်ဆုံးမှာရပ်တည်နေတဲ့ လာလေတစ်ယောက်
ကျရောက်လာတော့မယ့် အန္တရာယ်တွေကို သတိမပြုမိဘဲ နေလာရာကနေ ငှက်ငယ်လေးဖြစ်တဲ့ အက်စ်လီရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတဲ့အခါ …..
အသက်အရွယ်ချင်းကွာခြားသလို အတွေ့အကြုံ အတွေးအခေါ်ခြင်းလဲ ကွာခြားနေတဲ့ သူတို့နှစ်ယောက်မှာ …..
ဘယ်သူကများအနိုင်ရသွားမလဲ ….
အက်စ်လီကရော ဘယ်လိုနည်းတွေနဲ့ သူ့ရဲ့ ကမ္ဘာအသစ်ကို တည်ဆောက်သွားမလဲ
သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ သတင်းတင်ဆက်သူအဖြစ်ကိုရော ရောက်နိုင်ပါ့မလား
တစ်ဝက်မှာတင် ရှုံးနိမ့်ပြီး ထွက်သွားရမလား ….
အမြင့်ကို ရောက်တဲ့သူတစ်ယောက်ဟာ သွေးရော ချွေးရော
မျက်ရည်တွေပါ ကြိုးစားရင်းနှီးခဲ့ရတာကို မမြင်ဘဲ ဖြတ်လမ်းနည်းကိုသုံးပြီး အမြင့်တက်ချင်တဲ့ လူတွေရဲ့ စိတ်သဘောသဘာ၀ …
လူတစ်ယောက်ရဲ့ဘ၀ခရီးက ချမ်းသာမှု အောင်မြင်မှုတွေဟာ တသမတ်တည်းမရှိဘဲ အနိမ့်အမြင့် အတက်အကျ ရှိနေတတ်ပုံ ….
အရာရာကို အလွယ်လိုက်ချင်တဲ့ အက်စ်လီတစ်ယောက် ဒီလိုသဘောတရားတွေကို နားမလည်ဘဲ ဖြတ်လမ်းလိုက်မိတဲ့အခါမှာ
သူ့ရဲ့ ကြိုးစားမှုတွေ အောင်မြင်မှာလား ရှုံးနိမ့်မှာလား ….
လာလေကရော ထိပ်ဆုံးနေရာကို တသမတ်တည်း ထိန်းထားနိုင်ပါ့မလား ….
အက်စ်လီကရော လာလေ့နေရာကို ယူဖို့ ဘယ်လောက်ထိ လုပ်သွားမလဲ ….
ဒီစီရီးလေးဟာ လူ့လောကကြီးရဲ့ အတ္တ မာန လောဘတွေကို ထိထိမိမိ
ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးဖော်ပြတင်ဆက်ပေးထားတဲ့ ပညာပေး
စီးရီးကောင်းလေးမလို့ အားလုံးပဲ ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါရစေ