-
Movie Name
-
The Good Neighbor (2022)
-
Year
-
2022
-
Generes
-
Thriller
-
Code
-
EN1289
-
Type
-
Movie
-
Size
-
812 MB
-
Country
-
Hollywood
-
Description
-
The Good Neighbor (2022)
The Tudors ထဲက King Henry VIII အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Jonathan Meyers ရဲ့ ကားသစ်လေးပါ။
မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ ကျောင်းအသစ်ကို ပြောင်းရွှေ့လာခဲ့ရပါတယ်။ လူတွေနဲ့ ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက် ရေဘက်ကာဟာ ပထမဆုံး သူငယ်ချင်း ဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာ ရေဘက်ကာနဲ့ ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကို လိုက်လျောလာပါတော့တယ်။
အဲဒီလိုက်လျောမှုတွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ ခလိုးဝီ၊ ဆမ် စတဲ့ သူငယ်ချင်းအုပ်စု တစ်ခုလုံးရဲ့ ဘဝကို ပြောင်းလဲပစ်ခဲ့တဲ့ လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့ အိမ်ကို ခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။
သာမန် ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့ အိမ်ထဲက တန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင် အနည်းငယ်စီ ခိုးယူလာတတ်ကြပါတယ်။ မာ့ခ်ဟာလည်း တဖြည်းဖြည်း သူ့ဘဝကို ရေဘက်ကာနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလာတတ်ပါတယ်။
ဒီလို ဥပဒေနဲ့ မညီတဲ့ ပျော်ရွှင်မှုတွေက အချိန်ကြာတည်မြဲပါ့မလား?
ဘယ်လိုတွေဆက်ပြီး လှည့်ဖျားကြဦးမလဲ? ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။