-
Movie Name
-
Jism-2 (2012)
-
Year
-
2012
-
Generes
-
Drama, Thriller
-
Code
-
00131
-
Type
-
Movie
-
Size
-
863 MB
-
Country
-
Bollywood
-
Description
-
ဒီဇာတ်ကားကတော့ ပွန်းဆိုဒ်တွေမှာ တွေ့နေကြဖြစ်တဲ့ အိန္ဒိယ-ကနေဒါနွယ်ဖွား Sunny Leone ရဲ့ ဘောလိဝုဒ်မျက်နှာစာအဖွင့်ကားပဲဖြစ်ပါတယ်။ 2012 က ထွက်ရှိခဲ့တာပါ။ဒီဇာတ်ကားကို ပြသနိုင်ဖို့အတွက် ထုတ်လုပ်သူတွေဟာ အိန္ဒိယရုပ်ရှင်အစည်းအရုံးရဲ့ခွင့်ပြုချက် ရဖို့ တော်တော်ကိုကြိုစားခဲ့ရတယ်လို့သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိုမထိတွေ့နမ်းရှိုက်ခန်းတွေ၊ half naked အခန်းတွေ ဖောဖောသီသီပါလို့ပဲဖြစ်ပါတယ်။ ဇာတ်ကားထွက်လာချိန်မှာလည်း အနုတ်သဘောဆောင်တဲ့ဝေဖန်မှုတွေ အုတ်အော်သောင်းနင်း ထွက်လာခဲ့ပါတယ်။ တစ်ချို့သတင်းစာတွေကဆို ဒီကားကို အပြာကားသာသာပဲရှိတယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမယ့် Sunny Leone ဟာ ပထမဦးဆုံးအကြိမ် စတင်သရုပ်ဆောင်တဲ့ မင်းသမီးဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့တယ်။ ဒီကားရဲ့အသက်ဖြစ်တယ်လို့လည်း ချီးကျူးခဲ့ကြပါတယ်။ တကယ်တော့ ဒီကားက ဒရာမာ၊ အက်ရှင်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ပွန်းစတား အစ်ဇ်နာဆိုတဲ့ကောင်မလေးကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့က လာငှားပါတယ်။ အာရမ်ဆိုတဲ့စုံထောက်ကတဆင့်ပါ။ အစ်ဇ်နာရဲ့တာဝန်ကတော့ သူ့ရဲ့ရည်းစားဟောင်း လက်ရှိအချိန်မှာ လူသတ်သမားဖြစ်နေတဲ့ ကာဘီရဲ့နောက်ကအဆက်အသွယ်တွေ ပံ့ပိုးပေးသူတွေရဲ့အချက်အလက်ကို ရရှိလိုလို့ဖြစ်ပါတယ်။ အစ်ဇ်နာရဲ့ချစ်သူဟောင်း ကာဘီဟာ အရင်က အရမ်းတော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လုံးဝပြောင်းလဲပြီး သွေးအေးလူသတ်သမားဖြစ်နေခဲ့ပါတယ်။ အစ်ဇ်နာနဲ့ အာရမ်တို့ဟာ စေ့စပ်ထားသူတွေအယောင်ဆောင်ပြီး ကာဘီတည်းခိုနေတဲ့အိမ်နားကိုပြောင်းသွားပြီး ကာဘီဆီက သတင်းတွေခိုးယူဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။ အရမ်းချစ်ခဲ့ကြတဲ့ချစ်သူဟောင်း ၂ ဦးပြန်ဆုံအတွေ့မှာတော့ ဘာတွေဆက်ဖြစ်ကြသလဲ ။ ကာဘီဟာ ဘာကြောင့် လူသတ်သမားဖြစ်သွားရတာလဲ ။ အာရမ်ကရော အစ်ဇ်နာကို တွယ်တာမိလို့ သူ့အစီအစဉ်တွေ အောင်မြင်ခဲ့လား ။ တိုင်းပြည်အတွက် အလုပ်လုပ်ပေး မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အစ်ဇ်နာကရော သူ့ရဲ့ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့သလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းတာကြောင့် Download ဆွဲပြီးကြည့်လိုက်ပါ။ Sunny Leone ကို သင်ကြိုက်သွားစေရမယ်