Movie Name
Vietnamese Horror Story (2022)
Year
2022
Generes
Horror, Thriller
Code
OT0038
Type
Movie
Size
565 MB
Country
Others
Description
ဒီစီးရီးကတော့ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသရဲ့ ကျောချမ်းစရာကောင်းတဲ့ ပုံပြင်ယုံတမ်းစကားတွေအပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ Netflix ရဲ့ Series တစ်ခုဖြစ်ပါတယ် တစ်ပိုင်းကို ပုံပြင်တစ်ပုဒ်နှုန်းနဲ့ အပိုင်းစုစုပေါင်းအပိုင်း ၃ပိုင်းထွက်ထားပါတယ်ဗျ Epi (1)- The Sugarcane Juice Lady ======================== လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက “လန်ဟုန်”ဆိုတဲ့ လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဟာ မျက်နှာအက်ဆစ်အပက်ခံရပြီးရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ် သူ့အိမ်ကိုတော့ နာမည်ကျော် မင်းသမီးတစ်လက်ပြီးတစ်လက် ဆက်နေခဲ့ပါတယ်…တစ်နေ့ “နော့မင်” တစ်ယောက် မင်းသမီး”အိုင်နူ” (လက်ရှိလန်ဟုန်အိမ်၌နေနေသူ)ရဲ့ တပည့်အဖြစ်အရွေးခံရပါတယ် အိုင်နူကလည်းအေးသလောက် သူ့ကို မတရားဂရုစိုက်ပြီးချစ်ပေးပါတယ်…ဒါပေမဲ့ အိမ်ကြီးထဲမှာ ဘာလှည့်ကွက်တွေရှိနေမှာလဲ နေ့ာမင်ရဲ့ကံကြမ္မာကရော ဘယ်လိုဆက်ဖြစ်လာမလဲ…. Epi(2)- The Magician ============== မျက်လှည့်ဆရာတစ်ယောက်က တစ်နေ့ ကလေးမလေးတစ်ယောက်ကို နောက်တစ်နေ့ကျရင် မျက်လှည့်ပြပေးမယ်လို့ ကတိပေးခဲ့ပါတယ် သို့သော်အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့တဲ့အတွက် ထူးဆန်းတဲ့ကလေးမလေးအတွက် ကတိဖျက်သလိုဖြစ်သွားခဲ့ပါတယ်…. ကတိကိုမတည်နိုင်ဘဲ ပေးခဲ့တဲ့ မျက်လှည့်ဆရာတစ်ယောက် ဘာတွေဆက်ပြီး ကြုံတွေ့လာရမှာလဲ… Epi(3)- Three Souls and Seven Spirits ========================== ဒါကတော့ ယောက်ျားဖြစ်သူ”ဒင်” နဲ့ မိန်းမဖြစ်သူ”ဟန်” ဆိုတဲ့ ထူးဆန်းတဲ့စုံတွဲနဲ့အစပြုထားပါတယ် သူတို့နှစ်ဦးဟာ သဘာဝလွန်စွမ်းအားရှိတဲ့ ဘီဆီကိုလာပြီးတော့ သေဆုံးသွားပြီဖြစ်တဲ့ “အု” ရဲ့အရိုးကို ရှာပေးဖို့အကူညီတောင်းခဲ့ပါတယ်…သို့သော် ဘီတစ်ယောက် သူ့စွမ်းအားကိုထုတ်သုံးပြီးတဲ့နောက်မှာ ကြောက်စရာအာရုံတွေကိုမြင်စပြုလာပါတယ်…ဘီတစ်ယောက်အရိုးရှာရင်း အဖွားအိုတစ်ယောက်နဲ့တွေ့တော့ မင်းဆက်ရှာရင်သေမယ်လို့ပြောပါတယ်….ဘာလို့လဲ သုံးပိုင်းလုံးမှာ အသည်းယားစရာရိုက်ချက်နဲ့ဇာတ်ကွက် အလှည့်အပြောင်းတွေအပြင် ဗီယက်နမ်နိုင်ငံရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုပါ မြင်တွေ့ရမယ့် Horror Thriller series လေးဖြစ်တဲ့အတွက် အခုပဲဒေါင်းကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ