Movie Name
Fall In Love (2022)
Year
2022
Generes
Drama, Romance
Code
SC0540
Type
Series
Size
3.32 GB
Country
China
Description
1-18 Completed CM ချစ်ပရိသတ်ကြီးတွေအတွက် CM ကနေ ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်ပြီးစိတ်ဝင်စားဖိုကောင်းတဲ့ Fall in Love ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းထဲမှာပါဝင်သရုပ်ဆောင်ပေးထားတဲ့ မင်းသားကတော့ Produce Camp 2019 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့Xiao Kai Zhong, မင်းသမီးကတော့Youth With You Season 2 မှာ ပါဝင်တဲ့ Chai Zhuo Yi တိုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းရာကတော့ ခန္ဓာကိုယ်တစ်ခုတည်းဆိုပေမဲ့ မတူညီတဲ့အကျင့်စရိုက်တွေရှိနေတဲ့လူနှစ်ယောက်ဝင်နေတဲ့ Fu Ze Yi (Xiao Kai Zhong)။တစ်ဖက်မှာတော့ အေးတိအေးစက်နိုင်တဲ့ဥက္ကဌတစ်ယောက်ဖြစ်နေတဲ့အချိန် တစ်ဖက်မှာကတော့နွေးထွေးပြီးကြင်နာတတ်တဲ့ အနုပညာရှင်တစ်ယောက်ပေါ့။ အဲ့အချိန်မှာ Jing Zhi Xia (Chai Zhuo Yi) က ကိုယ်တစ်ခုတည်းမှာမတူညီတဲ့အကျင့်ရိုက်နှစ်ခုဖြစ်နေတဲ့လူနဲ့ ချစ်ကြိုက်မိသွားခဲ့တယ်။ဒါပေမဲ့ Jing Zhi Xia ကတော့ သူချစ်မိတဲ့လူကအေးတဲ့အေးစက်နိုင်တဲ့ Fu Ze Yi လို မှတ်ယူပြီးလိုက်နေခဲ့တယ်။Fu Ze Yi ကတော့ သူ့ကိုမမှတ်မိတော့တဲ့အတွက် Jing Zhi Xia ကတော့ သူ့ကိုယ်သူ Fu Ze Yi ရဲ့ကစားတာကိုခံရတယ်လိုသံသယဝင်နေခဲ့တယ်။ ဒီလိုနဲ့နှစ်ယောက်သားနားလည်မှုလွဲတာတွေဖြစ်လာခဲ့တဲ့အချိန်မှာတော့…. Jing Zhi Xia တစ်ယောက် Fu Ze Yi ရဲ့လျှိဝှက်ချက်ကိုသိသွားမလား ? နားလည်မှုလွဲတာတွေကောဖြေရှင်းသွားနိုင်မလား ? ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးကိုဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်