Movie Name
Folk Legend Water Monkey (2022)
Year
2022
Generes
Drama, Thriller
Code
CN0352
Type
Movie
Size
820 MB
Country
China
Description
ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်။ တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး။ အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ။ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊ အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်။ ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့ သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့… ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေ​ကြောင်းသိလိုက်ရတဲ့အခါ… ရေသရဲကိုဘယ်လိုရင်ဆိုင်​ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်။