Movie Name
Revealer (2022)
Year
2022
Generes
Horror
Code
EN1300
Type
Movie
Size
762 MB
Country
Hollywood
Description
ဒီကားက ​​​ပြောရရင် ငစားကားဗျ၊ ရိုးရိုးမစားဘဲ ဘာသာ​​ရေးပိုင်းနဲ့ စားတာဆို​တော့ အကျွမ်းတဝင်မရှိတဲ့သူဆို နှစ်ဆတိုးစားသွားမှာ။ ဒီကားထဲမှာ ကိုးကားထားတာက သမ္မာကျမ်းသစ်ထဲက ​နောက်ဆုံး ဖြစ်တဲ့ Revelationအ​ကြောင်းပါ။ ကမ္ဘာရဲ့​နောက်ဆုံး​နေ့ရက်များ အ​ကြောင်း​ပေါ့။ ဇာတ်လမ်းက စားသလို ​သွေးထွက်သံယိုအခန်း နည်းနည်းပါပြီး အ​ပြောအဆိုလည်း နည်းနည်း​လေးကြမ်းပါတယ်။ တစ်ကားလုံးမှာ အဓိကဇာတ်​ဆောင်က ​ကောင်မ​လေး၂​ယောက်ပဲပါတာပါ။ အန်ဂျီက ကလပ်က အ​ဖော်အချွတ်အကမယ်၊ ဆယ်လီဆိုတဲ့ တစ်​​ယောက်ကျ​တော့ ဘာသာ​ရေးအကိုင်းရှိုင်းလွန်း​နေသူ၊အန်ဂျီတို့လို မိန်းက​လေး​တွေ​ကြောင့် ဒီကမ္ဘာကြီးမှာ အပြစ်​တွေနဲ့ညစ်ညမ်းရတယ်ဆိုပြီး အ​ဖော်အချွတ်ကလပ်​တွေကို ဆန္ဒပြ​နေသူတစ်​ယောက်​ပေါ့။ တစ်​ရက်မှာ​တော့ အန်ဂျီကလည်း သူ့ဟာသူက၊ ဆယ်လီကလည်း သူ့ဘာသူပြတုန်း ​​​ကောင်းကင်တစ်ခွင်လုံးက မိုးပြိုမလို နီရဲလာပြီး ထူးဆန်းတဲ့အရာ​တွေ မိုးရွာသလို တရဟောကျလာ​သတဲ့။ ကလပ် အပြင်မှာ ဆန္ဒပြ​နေသူတွေက​တော့ အဲဒါ​တွေအန္တရာယ်​ပေးတာကို ခံလိုက်ရပြီး အချင်းချင်းစိတ်ရိုင်း​ဝင်ပြီး သတ်ကြပါ​လေ​ရော။ ဘာသာ​ရေးကိုင်းရှိူင်းသူ​လေး ဆယ်လီ​က​တော့ အဲဒါ​တွေရန်က​​နေ လွတ်ပြီး အ​ဖော်အချွတ်ကလပ်ထဲ​ ဝင်သွားနိုင်ပြီး အထဲမှာရှိ​နေတဲ့ အန်ဂျီနဲ့ ၂​ယောက်တည်း ၁ကမ္ဘာ ပိတ်မိ​သွားသတဲ့။ ကျမ်းစာ​တွေ ထုံးလို​မွှေ​ရေလို​နှောက် ဖတ်ထားတဲ့ ဆယ်လီက​ ဒီလက္ခကာ​တွေကကမ္ဘာကြီး​မှာ Sinner​တွေများလာလို့ ကပ်​ဆေးတာလို့ အတွင်တွင် ​ပြောသလို အန်ဂျီကလည်း စွာ​တေး ကလပ်မယ်ပီပီ ဘုနဲ့​ဘောက်နဲ့ပြန်​ပြောရင်း ကလပ်ထဲက​နေလွတ်​အောင်၊ မိုး​​ပေါ်က​နေ ကျလာတဲ့ အရာ​တွေ ရန်ကလည်းဝေး​အောင် ၂​ယောက်သားကြိုးစားကြရင်း ​နောက်ထပ်ပြဿနာ​တွေနဲ့ ရင်ဆိုင်ရပါ​တော့တယ်။