Movie Name
Love And Gelato (2022)
Year
2022
Generes
Comedy, Drama, Romance
Code
EN1303
Type
Movie
Size
1.14 GB
Country
Hollywood
Description
Lina ဟာ single mother ဖြစ်သူ သူ့အမေနဲ့ကြီးပြင်းလာရတာပါ။သူ့အမေကင်ဆာနဲ့သေဆုံးသွားချိန်မှာတော့ သူဟာတစ်ကောင်ကြွက်လိုဖြစ်သွားရပါတယ်။ဒါပေမယ့်အမေဖြစ်သူဟာ မသေမီ သူ့သမီးကို သူငယ်စဉ်ကနေခဲ့တဲ့ အီတလီကို သွားဖြစ်အောင်သွားခိုင်းပါတယ်။လီနာလည်း သူ့အမေရဲ့အီတလီက သူငယ်ချင်းဖြစ်သူ Francesca နဲ့သွားနေပြီး သူ့အမေရဲ့လျှို့ဝှက်ထားတဲ့ အတိတ်ကိုခြေရာခံရင်း အီတလီရဲ့ လှပတဲ့အနုပညာလက်ရာ‌တွေဓလေ့ထုံးတမ်းတွေ အရသာရှိတဲ့အစားအစာ‌တွေကိုခံစားရပါတယ်။ဒါ့အပြင် သူ့အမေရဲ့လျှို့ဝှက်ချစ်သူကိုဖော်ထုတ်နေချိန်မှာပဲ သူကိုယ်တိုင်ကလည်း ချောမောတဲ့အီတလီကောင်လေးနှစ်ယောက်ကြားရွေးဖို့ဖြစ်လာရပါတယ်။ Rome, Florence တို့လိုလှပတဲ့မြို့တွေရဲ့ ခမ်းနားမှုကိုခံစားရင်း လီနာ့ရဲ့ဘ၀ကို‌ ပြောင်းလဲသွားစေတဲ့ ခရီးကို ကြည့်ရှုရမှာပါ။နာမည်ကြီးစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ကြည်နူးစရာဇာတ်လမ်းလေးပါ။