Movie Name
Matilda (1996)
Year
1996
Generes
Comedy, Fantasy, Family
Code
EN1304
Type
Movie
Size
892 MB
Country
Hollywood
Description
Matilda (1996) Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ် မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။ မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ အသက်၂နှစ်ကတည်းက ဘယ်သူမှမသင်ဘဲ စာ​ရေးတတ် ဖတ်တတ်​နေသလို အသက်၄နှစ်မှာ မိဘ​တွေမသိ​​အောင် စာကြည့်တိုက်ကို ခိုးသွားပြီး က​လေးစာအုပ်​တွေသာမက သုတရသစာအုပ်​တွေပါ ထုံးလို​မွှေ ​ရေလို​နှောက် ဖတ်နိုင်တဲ့ ​တောက်မည့်မီးခဲ တရဲရဲ​လေး​ပေါ့ ။ ဉာဏ်ကြီးရှင် ဖြစ်သလို ဟာသဉာဏ်ကလည်း ရွှင်​လေ​တော့ သူ့ကိုစိတ်ဒုက္ခမျိုးစုံ​ပေးတဲ့ မိဘ​တွေကိုပါ မထင်ရင် မထင်သလို trollတတ်ပါ​သေးတယ်။ ဒီလိုပါရမီရှင်​လေးကို ထိန်းမနိုင်​တဲ့အဆုံး ​ကျေးဇူးရှင်​ဖေ​ဖေနဲ့ ​မေ​မေခမျာ မတေးဒါကို ​ငါ့လက်ကလွတ် ကျွတ်ဆိုပြီး ​ကျောင်းထား​ပေးလိုက်ပါတယ်။ ​မွေးလာကတည်းက ​ဆရာကြီး​တွေနဲ့​တွေ့လာတဲ့ မတေးဒါ​ဟာ ​​ကျောင်းမှပဲ ဆရာ့ဆရာကြီးနဲ့ သွား​တွေ့ပါ​တော့တယ်။ အ​ပေါက်ကဆိုး အ​ပြောကကြမ်း လက်သံက​ပြောင်၊ အိုလံပစ် သံလုံးပစ် လှံတံပစ် ပြိုင်ပွဲဝင်​ဟောင်းဖြစ်တဲ့ ​ကျောင်းအုပ်ကြီး မစ်ထရန့်ချ်ဘူးက မတေးဒါ​လေးကို ​ဆီးကြို​နေတာပါ။ ကျောင်းအုပ်ကြီးလက်​အောက်မှာပဲ မစ်ဟန်နီဆိုတဲ့ သ​ဘောမ​နော​ကောင်း စိတ်သ​ဘောထားဖြူစင်တဲ့ ဆရာမ​​လေးတစ်​ယောက်လည်း ရှိ​နေပါတယ်။ မတေးဒါ​က ဆရာမ​လေးကို ခင်တွယ်သလို ဆရာမကလည်း မတေးဒါကို အရမ်းချစ်ပါတယ်။ ဒါ​ပေမဲ့ဆရာမ​လေးမှာ ​ကျောင်းအုပ်မစ်ထရန့်ချ်ဘူးနဲ့ ဆိုးရွားတဲ့ အတိတ်ဇာတ်​ကြောင်း​တွေ ရှိ​​နေတာ​​ကြောင့် မတေးဒါ​လေးဟာ သူချစ်တဲ့ဆရာမ​လေးကို ကူညီဖို့ ​ကျောင်းအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားပါ​တော့တယ်။