-
Movie Name
-
ဆူးနဲ့တူသောအချစ် (Sawan Biang) (2008)
-
Year
-
2008
-
Generes
-
Drama, Romance
-
Code
-
ST0572
-
Type
-
Series
-
Size
-
15 GB
-
Country
-
Thai
-
Description
-
1-14 Completed
လီလာက ရက်ပိုင်းအတွင်းလက်ထပ်တော့မှာပေမယ့် ကံမကောင်းစွာနဲ့ ခစ်နဲ့ကားအက်ဆီးဒန့်ဖြစ်ပြီး သတိုသားဖြစ်သူကဆုံးပါးသွားခဲ့ပါတယ်။
ခစ်ကလည်း အဲ့အက်ဆီးဒန့်မှာတင် မိန်းမကိုဆုံးရှုးခဲ့ရပါတယ်။
ခစ်က ကားတိုက်မှုရဲ့နစ်နာသူဖြစ်တဲ့ လီလာကိုဆေးဖိုးဝါးခတွေအကုန်ရှင်းပေးပြီး
ဆေးရုံကိုနေ့တိုင်းသွားကြည့်ရင်း သူတိုရဲ့ဆက်ဆံရေးကပိုပိုနက်နဲလာခဲ့ပါတယ်။
မကြာခင်မှာပဲ ငယ်ငယ်တုန်းကတိတ်တခိုးချစ်ခဲ့ရတဲ့ ခါဝီက ခစ်ရဲ့သားဖြစ်နေတာကိုသိခဲ့ရပါတော့တယ်။
လီလာက ခါဝီကိုဖွင့်ပြောခဲ့ပေမယ့်
လူအများရှေ့မှာရက်ရက်စက်စက်အငြင်းခံခဲ့ရဖူးတော့ ခစ်ကိုမချစ်ပေမဲ့ ခါဝီကိုလက်စားပြန်ချေချင်တာကြောင့် လီလာက ခစ်နဲ့လက်ထပ်ဖိုကြံလာပါတော့တယ်။
လက်ထပ်ပြီးနောက်ပိုင်းလီလာနဲ့သူ့မိသားစု ခစ်နဲ့ခါဝီတိုအိမ်ကိုပြောင်းလာတဲ့အချိန်မှာ အစ်မအစားအမြဲရပ်ပြီးခုခံပေးနေတဲ့ နာရင်ကို ခါဝီကပစ်မှတ်ထားလာပါတော့တယ်။
လီလာကိုသဝန်တိုအောင်လုပ်ဖို နည်းလမ်းပေါင်းစုံသုံးပြီး နှိပ်စက်ရာကနေ နောက်ဆုံးနာရင်အပေါ်မေတ္တာမျှလာပါတော့တယ်။
အချစ်အမုန်း စိတ်ခံစားချက်မျိုးစုံနဲ့ လက်စားချေမှုတွေ အကြမ်းဖက်တာတွေပါဝင်နေတဲ့ နာရင်နဲ့ခါဝီတိုရဲ့ဆက်ဆံရေးကရောဘယ်လိုဖြစ်ရမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာကြည့်ရမယ့်ကားကောင်းလေးမို လက်မလွတ်တမ်းကြည့်ရှုအားပေးကြပါဦး။