Movie Name
Blood Club Dolls 1 (2018)
Year
2018
Generes
Action
Code
JP0073
Type
Movie
Size
810 MB
Country
Japan
Description
Blood-Club Dolls 1 (2018) Japan Animation Series “Blood C”ကို Live Action အဖြစ်အသက်သွင်းထားတဲ့ Blood-Club Dolls 1 ဝန်ကြီးချုပ် Muto ကို ကျောထောက်နောက်ခံထားပြီး တရားမဝင်တိုက်ခိုက်ရေး Club တစ်ခုကို ထူထောင်ထားတဲ့ Souen ရဲ့ Club မှာတော့ ပြစ်မှုကျူးလွန်သူဖူးသူ လူမိုက်တွေဟာ “သေရင်မြေကြီး ရှင်ရင်ရွှေထီး” ဆိုသလို မိမိအသက်ရှင်ခွင့်ရရှိဖို့ တစ်ဦးနဲ့တစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ကြရမှာပါ ။ အနိုင်ရရှိသူအတွက် ဆုရရှိမယ်ဆိုပေမယ့် ရှုံးတဲ့လူအတွက်ကတော့ သေဖို့ပဲရှိတဲ့ ဂိမ်းတစ်ခုပါပဲ တစ်နေ့မှာတော့ …Souen ရဲ့ Club ကို လူ 32 ယောက်ကို ပုဆိန်နဲ့ခုတ်သတ်ခဲ့တယ်ဆိုတဲ့ ပြစ်မှုကျူးလွန်ထားသူ Aiba တစ်ယောက် ရောက်ရှိလာပြီး သေရေးရှင်ရေးအတွက် တိုက်ခိုက်ရဖို့ အကြောင်းဖန်လာပါတယ် ။ အတိတ်ဟောင်းတွေရှိခဲ့ဖူးတဲ့ Souen နဲ့ Aiba တို့ကြားထဲကို လျှို့ဝှက်ဗျူဟာအပြည့်နဲ့ မိန်းကလေး Arisugawa ဝင်ရောက်လာခဲ့ပြီးတဲ့နောက်…။ တည်ထောင်သူ Lord Nanahara Fumito ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ လောကကြီးထဲမှာ ဘယ်သူကများ အဆုံးထိအသက်ရှင်ခွင့်ရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Action ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်