Movie Name
What A Girl Wants (2003)
Year
2003
Generes
Comedy, Drama, Family
Code
EN1316
Type
Movie
Size
1.10 GB
Country
Hollywood
Description
ဒက်ဖနီဆိုတဲ့ကောင်မလေးက ငယ်စဉ်ကတည်းက အဖေ့ကိုတွေ့ဖို့မျှော်လင့်ရင်းကြီးပြင်းလာခဲ့ရသူပါ သူ့အဖေနဲ့အမေကတော့ အဆင့်အတန်းကွာခြားမှုတွေကြား ဝေးကွာသွားခဲ့ရသူတွေပါ သူ ၁၇ နှစ်ပြည့်တော့ အဖေဖြစ်သူ တော်ဝင်မျိုးနွယ်အမတ်ဒက်ရှ်ဝုဒ်ကိုတွေ့ဖို့လိုက်လာခဲ့ပါတယ် သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံစံနဲ့ တော်ဝင်အနွယ်တို့ရဲ့ဣ​န္ဒြေကြီးမားတဲ့ပုံစံတွေကြား ကွာခြားမှုတွေ ကြောင့် သတင်းစာတွေထက်အတင်းအဖျင်းတွေပြောခံခဲ့ရတယ် အဖေ့မှာစေ့စပ်ထားသူတစ်ယောက်ရှိနှင့်နေပြီး သူ့မှာကလည်းသမီးတစ်ယောက်ရှိနေပါတယ် သူတို့ကလည်းစင်ဒရဲလားပုံပြင်လေးလိုပဲ ဒက်ဖနီအပေါ်အကွက်ချမကောင်းကြံပြီး အမေရိကန်ဆီပြန်ပို့ချင်နေတာပါ ဒက်ဖနီဟာ အဖေဖြစ်သူကိုချစ်တဲ့စိတ်ကြောင့် သူ့ကိုယ်သူပြောင်းလဲရင်း ချစ်ရသူအီရန်နဲ့လည်းဝေးသွားခဲ့ရတယ် တဖြည်းဖြည်းချင်းအဆင်မပြေမှုတွေကြားသည်းခံနေရရင်း သူ့ဘဝအမျှော်လင့်ဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့တွဲကဖို့ကို အမေပါသမီးကလာဆီရာကလုသွားတာမြင်လိုက်ရချိန်မှာ သူသည်းမခံနိုင်တော့ပါဘူး သူနဲ့ ချစ်သူအီရန်ပြန်ပေါင်းထုပ်နိုင်မလား ဖခင်ဒက်ရှ်ဝုဒ်ကရော သမီးနဲ့ဂုဏ်ဒြပ်တွေကြားဘာကိုရွေးချယ်မလဲ ဒက်ဖနီလိုချင်ခဲ့ရတဲ့အိပ်မက်တွေကိုရော တကယ်ရလာပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ