-
Movie Name
-
ရမ္မက်ပြင်းသောအချစ်ဆိပ် (Leh Runjuan) (2019)
-
Year
-
2019
-
Generes
-
Drama, Romance
-
Code
-
ST0573
-
Type
-
Series
-
Size
-
30 GB
-
Country
-
Thai
-
Description
-
1-34 Completed
ဇာတ်လမ်းအကျဉ်း
မယ့်ဘူလန် , မယ့်ဘိုထောင် နဲ့ မယ့်စီကျန်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်း သုံးယောက်ရှိကြပါတယ်။
အမြဲ သွားအတူ လာအတူ စားအတူနဲ့
သူမတို့သုံးယောက် ဘယ်တော့မှ မခွဲခွာကြရတော့ဘူးလို့ စိတ်ကူးယဥ်ခဲ့ကြပါတယ်။
သို့သော်လည်း ကံတရားကြီးက သူမတို့ သူငယ်ချင်း သုံးယောက်ကို မျက်နှာသာ
မပေးခဲ့ပါဘူး။
မယ့်စီကျန်ဟာ ဆင်းရဲချို့တဲ့သူပါ။
တစ်နေ့မှာ မယ့်စီကျန်ရဲ့အဖေဖြစ်သူဆုံးပါးသွားခဲ့တော့ အရာရှိဖြစ်တဲ့ ဖောရန်းဟာ မယ့်စီကျန် ဘဝ တလျှောက်လုံးကို တာဝန်ယူပေးမယ်ဆိုပြီးလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
ဒါပေမယ့် ဖောရန်းရဲ့ မိဘတွေဟာ
လူကုန်ထံတွေဖြစ်တာမို့ မယ့်စီကျန်လို
ဆင်းရဲနွမ်းပါးတဲ့ကလေးမကို ချွေးမ
အဖြစ်သဘောမတူနိုင်ခဲ့ပါဘူး။
ကျန်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့
မယ့်ဘူလန်နဲ့ မယ့်ဘိုထောင်တို့ကလည်း ဖောရန်းကို တဖက်သတ် သဘောကျနေခဲ့ကြပါတယ်။
တနေ့မှာတော့ မယ့်ဘိုထောင်နဲ့ ဖောရန်းတို့ ထူးဆန်းတဲ့လက်ဖက်ရည်ကိုသောက်မိပြီး အချင်းချင်း စိတ်မထိန်းနိုင်ဖြစ်ကာ စည်းကျော်မိခဲ့ကြပါတယ်။
မယ့်စီကျန်ဟာ ကိုယ်လက်ထပ်တော့မယ့် သတို့သားလောင်းက ကိုယ့်အချစ်ဆုံးသူငယ်ချင်းနဲ့ လွန်လွန်ကျူးကျူးတွေဖြစ်ပျက်နေတာကို မျက်စိနဲ့ တပ်အပ်မြင်ပြီး
အသဲနာစွာဖြင့်အိမ်ပေါ်ကဆင်းလာပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။
အဲ့ဒါကို မယ့်ဘူလန်က သူငယ်ချင်းရဲ့ လင်နဲ့မှဖောက်ပြန်ရကောင်းလား ဆိုပြီး မယ့်ဘိုထောင်အပေါ် နာကျည်းနေခဲ့ပါတယ်။
ဒီလိုနဲ့ ကံကြမ္မာအကြောင်းဖန်ပြီး မယ့်ဘူလန်လည်း ဖောရန်းရဲ့ နောက်ထပ်မယားတစ်ယောက်ဖြစ်လာခဲ့ပြန်ပါတယ်။
သူမတို့ သုံးယောက် ဒီလို အင်မတန်မှ
ရက်စက်လှတဲ့ ကံကြမ္မာ အလှည့်အပြောင်းကြီးကို ဘယ်လ်ိုရင်ဆိုင်ကြမလဲ ?
လင်တစ်ကောင်ကြောင့်နဲ့ အချစ်ဆုံး
သူငယ်ချင်းတွေ စိတ်ဝမ်းကွဲကြရပုံကို
ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။