-
Movie Name
-
ချစ်ခြင်းရဲ့အခြားတစ်ဖက် (Fah Krajang Dao) (2013)
-
Year
-
2013
-
Generes
-
Drama, Romance
-
Code
-
ST0575
-
Type
-
Series
-
Size
-
7.45 GB
-
Country
-
Thai
-
Description
-
1-15 Completed
ဇာတ်လမ်းအကျဥ်း🥀🥀
မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရပြီး အဒေါ်ဖြစ်သူနဲ့ပဲ ကြီးပြင်းလာခဲ့တဲ့
မီ တစ်ယောက်ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာတွေကို အားကြိုးမာန်တက် ဆောင်းပါးတွေရေးရင်း ကာကွယ်ပေးတတ်တဲ့ သတင်းထောက်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေကြောင့် တရားမဝင် ပြည်တန်ဆာတိုက်ဖျက်ရေးကို စမန်သာသတင်းစာတိုက်မှာ သတင်းထောက်လုပ်ရင်း နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေဖြစ်လာတဲ့ စိတ်ဆတ်ပြီး သူငယ်ချင်းတွေကို ကာကွယ်ပေးတတ်တဲ့ ဝါရီ ရယ် ၊ အစ်မတွေလိုမျိုးရော သူငယ်ချင်းလိုမျိုးရော မီနဲ့ဝါရီကို ချွဲရင်း သတင်းလိုက်ဖို့ဆို ဇွဲမလျော့တဲ့ မတ် တို့က စမန်သာ သတင်းစာတိုက်ရဲ့ ရှေ့တန်းတိုက်စစ်မှူး သတင်းထောက်သုံးယောက်ဖြစ်လာခဲ့သူပေါ့။
ရဲ အရာရှိအဖြစ် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားမဝင် ပြည်တန်ဆာ လုပ်ခိုင်းတဲ့ အမှုတွေကို လိုက်တဲ့ အရာရှိဟီရာန် ဆီမှာ မီ တစ်ယောက် သတင်းလိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။
နယ်မှာရှိတဲ့ ရွာလေးမှာ တူဖြစ်သူ ဆန်းတီ ကို မီ တစ်ယောက် ဘန်ကောက်မှာ အတူတူနေရင်း ကျောင်းထားပေးဖို့ ဖြစ်လာတဲ့ အချိန်မှာတော့ ရွာမှာ အရွယ်ရောက်ပြီးသူ မိန်းကလေးတိုင်း ပြည်တန်ဆာလုပ်ရင်း ပိုက်ဆံရှာပေးရင် မိဘကိုကျေးဇူးဆပ်သူလို့ ခံယူထားတဲ့ တူဖြစ်သူ ဆန်းတီ နဲ့ တရားမဝင် ပြည်တန်ဆာလုပ်ခိုင်းတာကို တိုက်ဖျက်ချင်တဲ့ အဒေါ်ဖြစ်သူ မီ တို့ ဘယ်လို နှစ်ပါးသွားကြမလဲ?
အရာရှိရာန်ကရော စိတ်ဒဏ်ရာတွေနဲ့ မီကို ဘယ်လို ရအောင် ပိုးပန်းရင်း မီလိုက်ချင်တဲ့ အမှုတွေကို ဘယ်လို ကူညီပေးမလဲ?
သတင်းထောက် မီ ကရော သူဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ လုပ်နိုင်ပါ့မလား
ဆိုတာရယ်
သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ မီ ဝါရီ နဲ့ မတ် တို့ သုံးယောက်ကရော ဘယ်လိုမတည့်အတူနေ ပြီး သတင်းတွေ လိုက်ကျရင်း မိန်းကလေးတွေကြားက သူငယ်ချင်း ချစ်မေတ္တာတွေကိုပါ တစ်ဝကြီး ကြည့်ရှုရမယ့် ဒီကားလေးကို Ash Channelမှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။