Movie Name
Rose Mansion (2022)
Year
2022
Generes
Drama
Code
SKR0677
Type
Series
Size
4.98 GB
Country
Korea
Description
1-12 Completed ဒီတစ်ခါတော့ ရိုးရိုးပြန်ပေးဆွဲမှု၊ကွင်းဆက်လူသတ်မှုမဟုတ်ဘဲ ထူးထူး ဆန်းဆန်း “နှင်းဆီစံအိမ်” ဆိုသလို Crime, Thriller ကားကိုမှ မတူတဲ့ Vibes တွေနဲ့ ကြည့်ရမှာပါ။ Paranormal တွေလည်း ပါလာမလား မသိဘူးနော် 😁 . . . Jina (Lim Ji Yeon) က ဟိုတယ်တစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်တဲ့ ပုံမှန်မိန်းကလေးတစ်‌ယောက်ဖြစ်ပါတယ်။ သူများအမြင်မှာတော့ အကုန် ကောင်းတယ်လိုထင်ရပေမဲ့ သူ့ရဲ့ အတွင်းစိတ်မှာ သိမ်ငယ်စိုးရိမ်စိတ်တွေ ပြည့်နေတယ်။ အဲလိုနေလာရင်း သူမရဲ့ အစ်မဖြစ်သူ Ji-Hyun ပျောက်ဆုံး နေကြောင်းသိလိုက်ရတယ်။ သူ့အစ်မကို ရှာဖွေဖို့ မိဘတွေနေတဲ့ နှင်းဆီ စံအိမ်တိုက်ခန်းကိုသွားခဲ့တယ်။ အဲ့နေရာမှာ မမျှော်လင့်ထားတဲ့အရာတွေ ကြုံလာရတယ်။ အဲ့နေရာမှာ ပေါ်ပေါက်လာတဲ့ ကြောက်စရာအမှန်တရားတွေကို ဘယ်သူမှ မယုံကြပေမဲ့ စုံထောက် Min-Soo (Yoon Gyun-Sang) တစ်ယောက်ကသာ ယုံကြည်ပြီး သူ့ကိုကူညီ‌စုံစမ်းပေးတာပေါ့။ အမှုတစ်ခုကို အဆုံးမသတ်နိုင်မချင်း စိတ်မအေး တတ်တဲ့ ခေါင်းမာတဲ့ စုံထောက်အနေနဲ့ Jihyun ရဲ့ ပျောက်ဆုံးမှုအပေါ် Jina နဲ့အတူ အစွမ်းကုန်ကြိုးစားတယ်။ သန်မာပြီးယုံကြည်အားကိုးရပေမဲ့ သူ့မှာလည်း သူများမသိနိုင်တဲ့ လျှိဝှက်ချက်တွေရှိနေပြန်တယ်။ အစ်မတစ်ယောက်ပျောက်ဆုံးမှုအပေါ်မူတည်ပြီးပေါ်ပေါက်လာမယ့် ကြောက်စရာ အမှန်တရားတွေ၊ ဟန်ဆောင်မှုတွေ၊ လက်တွေ့ကျကျမြင်ရမယ့် လူ့သဘော သဘာဝတွေ၊ သံသယဝင်စရာတွေအပြည့်နဲ့ကြည့်ရမယ့် ဒီလျှိဝှက်သည်းထိပ် ရင်ဖိုဇာတ်လမ်းတွဲလေးကို အပတ်စဉ် သောကြာနေ့တိုင်း CM မှာကြည့်လို့ ရနေပါပြီ။