Movie Name
Love The Way You Are (2022)
Year
2022
Generes
Romance
Code
SC0543
Type
Series
Size
6.85 GB
Country
China
Description
1-30 Completed Love the way you are (2022) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပေါ့​ပါ့ပါးပါးလေးနဲ့ အချိုပေါ်သကာလောင်းထားတဲ့ ရိုမန့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Main Cast တွေအနေနဲ့ အားလုံးနဲ့ရင်းနှီးပြီးသား Angela Baby က၃၅နှစ်အရွယ်မမ အဖြစ်ပါဝင်ထားပြီး၊ A little thing called first love ထဲက မင်းသားလေး Lai Kuan Lin မမကိုကိုးကွယ်မယ့်မောင်လေးအဖြစ်ပါဝင်ထားပါတယ်။ ဒါရိုက်တာကလည်း Love is sweet ရိုက်တဲ့ဒါရိုက်တာဆိုတော့ ဘယ်လောက်တောင်ချိုမလဲမှန်းသာကြည့်တော့။ ဇာတ်လမ်းအကျဥ်းကတော့ Yin Yi Ke ဟာ အသက်၃၅နှစ်အရွယ်အမျိုးသမီးဖြစိပြီး ၊ အလုပ်ရောအိမ်မှာပါ တာဝန်ကျေပွန်တဲ့ပြီးပြညွစုံတဲ့အမျိုးသမီးတစ်ယောက်ပေါ့။ ထက်မြက်ပြီးရင့်ကျက်တည်ငြိမ်တဲ့ မမ type ဆိုပါတော့။ သူ့ဘေးနားကလူတွေကို ဂရုစိုက်ပေးတတ်ပေမယ့် သူ့ကိုယ်သူဂရုစိုက်ဖို့တော့သူမဟာမေ့နေခဲ့ပါတယ်။ Xu Guang Xi ကတော့ Yin Yi Ke ရဲ့ငယ်ကျွမ်းဆွေဖြစ်ပြီး ” မမ သရဏံ ဂစ္ဆာမိ” ဆိုပြီး မမကိုကိုးကွယ်မယ့် ကောင်ငယ်လေးပဲဖြစ်ပါတယ်။ မမနဲ့မောင်လေးတွေ့ကြတဲ့အခါမှာတော့ မမကြွေအောင် မောင်လေးကဘယ်လိုတွေခြွေလိမ့်မလဲ။ အသက်ကွာဟလွန်းတဲ့ relationship တစ်ခုကို တည်ဆောက်ရတဲ့နေရာမှာရောအဆင်ပြေပါ့မလား။ အဘက်ဘက်က ကွာခြားနေတဲ့သူတို့နှစ်ယောက်ရဲ့အချစ် ခရီးလမ်းမှာ ဘယ်လိုတွေညှိယူကြမယ်၊ အချစ်တစ်ခုတည်မြဲအောင် ဘယ်လိုကြိုးစားကြမယ်ဆိုတာကို အချိုတွေထုံမွှမ်းထားတဲ့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်။