Movie Name
Queer As Folk (2022)
Year
2022
Generes
Drama, Romance
Code
SE0283
Type
Series
Size
2.82 GB
Country
Hollywood
Description
1-8 Completed LGBTQ+ ထဲက Q ရဲ့အရှည်ကောက် Queer or Questioning ဆိုတာ “လွတ်လပ်စွာ ချစ်ခင်စုံမက်သူများ”လို့ အဓိပ္ပာယ်ရပါတယ်တဲ့ 1999 ခုနှစ်က ထွက်ခဲ့တဲ့ British စီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီစီးရီးဟာ Gender မခွဲဘဲ နှလုံသားရှိသူတိုင်း လွတ်လပ်စွာ ချစ်မြတ်နိုးကြတဲ့ LGBT ရပ်ဝန်းအကြောင်း ရိုက်ကူးထားတာပါ ဇာတ်လမ်းကိုတော့ New Orleans ပြည်နယ်မှာ အခြေတည်ထားပါတယ် ဘရိုဒီဆိုတဲ့ ကောင်လေးတစ်ယောက် ဆေးကျောင်းကနေ ကျောင်းထွက်လာပြီး သူ့အိမ်ရှိရာ ဇာတိမြို့ကို ပြန်ရောက်လာတဲ့ အခါမှာ အိမ်နဲ့လည်း အဆင်မပြေ သူ့အဆက်ဟောင်း နိုအာဆိုတဲ့ ကောင်လေးကလည်း ရည်းစားအသစ် ရနေတာနဲ့ ကြုံပါတယ် စိတ်ပြေလိုပြေငြား LGBT ကလပ် ဘေဘီလုံကို သွားပျော်ပါးရာကနေ ဘေဘီလုံကလပ်မှာ သေနတ်သမားတစ်ယောက် ရောက်လာပြီး ရမ်းသမ်း ပစ်ခတ်တာနဲ့ ကြုံရပါတယ် အဲဒီ ပစ်ခတ်မှုမှာ မင်ဂတ်စ်ဆိုတဲ့ ကောင်လေးကို ဝင်ကာပေးရင်း ဘရိုလီ ဒဏ်ရာရသွားပြီးတဲ့နောက် ဘရိုလီ နဲ့ မင်ဂတ်စ်တို့ ရှေ့ဆက်ဘယ်လိုတွေ ဖြစ်ကြမလဲ… ဘေဘီလုံရဲ့သေနတ်သံတွေ ဆူညံတဲ့ ညတစ်ညကို အခြေတည်ပြီး ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှု နောင်တ နဲ့ သံယောဇဉ်တွေအကြောင်း ကြည့်ရှုကြရမှာ ဖြစ်ပြီးတော့ လွတ်လပ်စွာ ချစ်ခင်စုံမက်ကြတဲ့ တချို့အခန်းတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတာကြောင့် မိသားစုနဲ့ အတူ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး