Movie Name
Shining Girls (2022)
Year
2022
Generes
Crime, Drama
Code
SE0287
Type
Series
Size
2.68 GB
Country
Hollywood
Description
1-8 Completed Shining Girls (2022) (Complete Mini Series) ~ IMDb – 7.4/10, Rotten Tomatoes – 83%, Meta – 65% ~ Apple TV+ ကနေ နိုလန်ရိုက်တဲ့ စီးရီးလို့ထင်ရလောက်အောင် ရှုပ်ယှက်ခက်နေတဲ့ Thriller စီးရီးအသစ်တစ်ခုထွက်လာပါတယ်။ Lauren Beukes ရဲ့ နာမည်တူ ၀တ္တုကိုပဲ ပြန်ရိုက်ထားတာပါ။ ဇာတ်ကြောင်းကလည်း ထူးပါတယ်။ အချိန်ခရီးသွား ကွင်းဆက်လူသတ်သမားကို လိုက်တဲ့အကြောင်းပါ။ တော်တော်ရှုပ်သလို စစချင်းမှာဆို ဘာအကြောင်းလဲသိဖို့တောင် ခက်ပါတယ်။ ခေါင်းစားရတဲ့ ရုပ်ရှင်တွေ ကြိုက်တဲ့သူတွေ အကြိုက်စီးရီးပါပဲ။ မင်းသမီးချောတာမပါဘဲ ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့ Series ဆိုလို့ ဒီ Series ပဲရှိမယ်ထင်တယ်။ ရင်တသိမ့်သိမ့်တုန်ဖွယ် ထူးခြားဆန်းကျယ်အမျိုးအစားပေါ့။ လူသတ်သမားကိုရှာတဲ့ မင်းသမီးက သူ့အကြောင်းသူတောင် မမှတ်မိဘူး။ လူသတ်သမားက အချိန်တွေ ခုန်ကူးပြီး လူလိုက်သတ်နေတယ်။ ဘာဖြစ်လာမယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အကုန်သိနေသလိုပဲ။ မင်းသမီးကို ကူပြီး ဒီသတင်းကိုလိုက်ပေးနေတဲ့သတင်းထောက်က အရက်စွဲနေတဲ့ကောင်။ ဒီလောက်နဲ့တင် တော်တော်တိုင်ပတ်နေပါပြီ။ ဇာတ်လမ်းက ဟိုခုန်ကူး ဒီခုန်ကူးနဲ့ ပြနေလို့ နည်းနည်းဇာတ်ရည်မလည်တာမျိုးဖြစ်နိုင်ပေမဲ့ အဲဒါကိုက ဆွဲဆောင်မှု တစ်ခုလိုဖြစ်နေပါတယ်။ အတိတ်၊ အနာဂါတ်တွေကို ကြိုသိနေတဲ့ လူသတ်သမားနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် သေချာမသိတဲ့ သတင်းထောက်အမျိုးသမီး ဘယ်လိုတွေ အားပြိုင်ကြမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရမှာပါ။ မင်းသမီးကလည်း The Invisible Man တို့ Us တို့ The Handmaid’s Tale တို့လို နာမည်ကြီး Thriller တွေအပါအ၀င် တခြားနာမည်ကြီးကားကောင်းပေါင်းများစွာ ရိုက်ဖူးတဲ့ Elisabeth Moss ပါ။ Hamilton တို့ tick, tick…BOOM! တို့လို နာမည်ကြီးကားတွေရိုက်ဖူးတဲ့ Philippa Soo လည်းပါပါတယ်။ Narcos မှာ ပါဘလို အက်စကိုဘား နေရာက သရုပ်ဆောင်ဖူးတဲ့ Wagner Moura ကလည်း အဓိကဇာတ်ကောင်တစ်ကောင်ပါပဲ။ ကားကောင်းတွေချည်း ရွေးရိုက်တဲ့သူတွေ ရိုက်ထားကြတဲ့ Thriller မီနီ စီးရီးကောင်းပါပဲ။