-
Movie Name
-
Frank And Penelope (2022)
-
Year
-
2022
-
Generes
-
Thriller
-
Code
-
EN1344
-
Type
-
Movie
-
Size
-
722 MB
-
Country
-
Hollywood
-
Description
-
Frank and Penelope ( 2022 )
Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။
ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ထူးတော့ထူးပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးက စလာကတည်းက စာအုပ်ဖတ်ပြနေတာမို့ ပြီးပြီးသားဖြစ်နေပေမဲ့ အဖြေကိုမသိရတဲ့ကားမျိုးပေါ့။ ပဟေဠိဆန်ဆန်ရုပ်ရှင်တွေလည်းကြိုက် ခပ်ဆန်းဆန်းတင်ပြပုံတွေလည်းကြိုက်ရင်တော့ ဒီရုပ်ရှင်ဟာ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကိုက အဖော်အချွတ်မယ် ဖြစ်နေတာမို့ လိင်မှုခန်းတွေအများကြီးပါတဲ့အတွက် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ။