-
Movie Name
-
Lightyear (2022)
-
Year
-
2022
-
Generes
-
Action, Animation
-
Code
-
AN0481
-
Type
-
Movie
-
Size
-
899 MB
-
Country
-
Hollywood
-
Description
-
Lightyear (2022)
=============
ဒီ ကာတွန်းရုပ်ရှင်လေးကတော့ Toy Story ရဲ့ အဓိကဇာတ်ကောင်
တစ်ကောင်ဖြစ်တဲ့ ဘက်ဇ် လိုက်ရီးယားကိုအခြေခံပြီး ရိုက်ကူးထားတာပါ။
ဒါပေမဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းမဟုတ်တော့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ
အန်ဒီဆိုတဲ့ကောင်လေးက ဘက်ဇ်လိုက်ရီးယားဆိုတဲ့ အရုပ်ကို မွေးနေ့လက်
ဆောင်ရရှိခဲ့ပါတယ်။ အဲဒီအရုပ်လေးက ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်ဖြစ်ပြီး
အန်ဒီက အဲဒီရုပ်ရှင်ကိုအရမ်းကြိုက်တဲ့သူပါ။ အခု ကြည့်ရမယ့် ရုပ်ရှင်ကတော့
အန်ဒီအရမ်းကြိုက်ခဲ့တဲ့ လိုက်ရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
===============
ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့
ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့
ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့
ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။
ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့
ကြိုးစားရပါတော့တယ်။ တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့
ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့
တယ်။