Movie Name
North Hollywood (2021)
Year
2021
Generes
Comedy, Crime
Code
EN1349
Type
Movie
Size
547 MB
Country
Hollywood
Description
ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။ rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။ comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ ဇာတ်လမ်းအကျဉ်း ================== လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့ မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ် ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။ သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကို အထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့ စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရ အဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကို ပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်