-
Movie Name
-
အမုန်းရင်ပြင်မှချစ်ပန်းတစ်ပွင့် (The Illicit Wife)(Mia Tuean) (2014)
-
Year
-
2014
-
Generes
-
Drama, Romance
-
Code
-
MST01
-
Type
-
Series
-
Size
-
10.1 GB
-
Country
-
Thai
-
Description
-
Casts :
ခိမ်း အဖြစ် Film Rattapoom
ဖာစိုင် အဖြစ် Koy Rachwin
ဇာတ်လမ်းအကျဥ်း...
ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် စင်ဒရဲလားပုံပြင်လေးလိုပါပဲ။ စင်ဒရဲလားကို အမျိုးမျိုးနှိပ်စက်တဲ့ မိထွေးသားအမိကနေစတဲ့ ဇာတ်လမ်းလို့ပြောရမယ် ထင်တယ်။
တစ်နေ့ စင်ဒရဲလားလို့ခေါ်ရမဲ့ ဖာစိုင်ဆိုတဲ့ကောင်မလေးရဲ့အမေ ဆုံးပါးသွားတဲ့အချိန်မှာ အဖေဖြစ်သူက မိထွေးနဲ့မိထွေးသမီးကို အိမ်ပေါ်ခေါ်လာခဲ့ပါတယ်။ အဲ့လိုနဲ့ ဖာစိုင်ဘဝမှာ ကံဆိုးမှုအပေါင်းကြုံလာရတော့တာပဲ။ မိထွေးတိုင်းကိုတော့ မဆိုလိုပေမဲ့ သူ့အဖေခေါ်လာတဲ့မိထွေးဟာ စင်ဒရဲလားပုံပြင်ထဲက မိထွေးအတိုင်းပါပဲ၊၊
အဖေရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်မျိုး ဖာစိုင်ကိုနှိပ်စက်ကြပါတယ်။ ဒီလိုနဲ့ 'ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာ'ဆိုသလို ဖာစိုင်ရဲ့အဖေဟာ ကားမတော်တဆမှုကြောင့် ကိုမာဝင်သွားပါတော့တယ်။ သိတဲ့အတိုင်း အဖေ့ကာကွယ်မှုမရှိတော့တဲ့ ဖာစိုင်ကို မိထွေးသားအမိက အမျိုးမျိုး နှိမ်ကျ၊ နှိပ်စက်ကြတာပေါ့။ တစ်နေ့ မိထွေးက အိမ်ပေါင်ပြီး အတိုးမဆပ်နိုင်တော့လို့ ဖာစိုင်ကို အကြွေးရှင်ဆီ အလုပ်သွားလုပ်ခိုင်းပါတယ်။
အဲဒီမှာ စင်ဒရဲလားလေးရဲ့မင်းသားလေးလို့ခေါ်ရမဲ့ ဖာစိုင်ရဲ့အလုပ်ရှင် သစ်စက်ပိုင်ရှင် ဆတ်စဝမ် ပေါ်လာတော့တာပဲ။ ဒါပေမဲ့ စင်ဒရဲလားလေးကတော့ ကံဆိုးနေတုန်းပါ။ မိထွေးသားအမိဟာ ဖာစိုင်အလုပ်လုပ်တဲ့နေရာကို လိုက်လာပြီး ဆတ်စ၀မ် နှစ်သက်တာကိုခံရတဲ့ဖာစိုင်ကို မနာလိုစွာနဲ့ ပြဿနာအမျိုးမျိုး ပေးပါတော့တယ်။ ဒီလိုနဲ့ သွေးထိုးမှုတွေကြားမှာ သံသယတွေပေါက်ဖွားလာပြီး အချစ်၊အမုန်း ဇာတ်လမ်းလေး စတော့တာပါပဲ။
ဒီဇာတ်လမ်းက မနာလိုမှုတွေကြားကအချစ်ကို ဖော်ကျုးထားတဲ့ဇာတ်လမ်း ဖြစ်တဲ့အတွက်
အချစ်ကို အကြမ်းဖက်ယူတာ၊ အတင်းဖိအားပေးတာတွေပါပါတယ်။ ဒါကြောင့် ချိုချိုအေးအေး အချစ်ဇာတ်လမ်းလေးတော့ ဖြစ်မှာမဟုတ်ရင်း Ash Channel ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။