Movie Name
Legendary Life Of Queen Lau (ဗဗလကြီး ကိုယ့်အချစ်ကြီး) (2022)
Year
2022
Generes
Comedy, Historical, Romance
Code
SC0550
Type
Series
Size
11.7 GB
Country
China
Description
1-36 Completed ဒီတစ်ခါမှာတော့ Li HongYiနဲ့Lamu YangZiတို့ရဲ့ "Legendary life of queen liu"ဆိုတဲ့ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးမယ်နော်။ ဇာတ်လမ်းအညွှန်း=== ကံကြမ္မာဆိုတာ ခန့်မှန်းရခက်သလို၊ရှောင်လွှဲဖို့လည်းခက်တယ်။ လျိုကျင်းဖုန့်ဟာ သူမဖခင်အရင်းကိုယ်တိုင်ရဲ့စွန့်ပစ်မှုကိုခံခဲ့ရပြီး သူမအမေနဲ့အတူ လမ်းကြားလေးမှာ တစ်ယောက်ကိုတစ်ယောက် အမှီပြုပြီးနေထိုင်ခဲ့ရသူလေးဖြစ်ပြီး သန်မာထွားကျိုင်းတဲ့လူကိုတောင် အသာလေးရိုက်ချနိုင်တဲ့အင်အားရှိသူဖြစ်ပါတယ်။ အဲဒီလိုလူက တော်ဝင်မိသားစုနဲ့လက်ဆက်ဖို့ဖြစ်လာတဲ့အခါမှာ တစ်ရုံးတော်လုံးရယ်မောကြတယ်။သူမရဲ့ခင်ပွန်းဖြစ်တဲ့ ရှင်ဘုရင်ကတောင် သူမကိုသံသယစိတ်တွေနဲ့ သူမရဲ့သစ္စာရှိမှုကိုအကြိမ်ကြိမ် စမ်းသပ်ခဲ့တယ်။ သူမခင်ပွန်းရှင်ဘုရင်ကတော့ ဘုရင်ဆိုတဲ့အမည်ခံပဲရှိသူပါ။တကယ့်တိုင်းပြည်ရေးရာကို ချုပ်ကိုင်နေတဲ့သူကတော့ ဘုရင်ခံချီဆိုတဲ့သူပေါ့။ လျိူကျင်းဖုန့်တစ်ယောက် ဘုရင်ခံရဲ့ရုပ်သေးရုပ်ဖြစ်နေတဲ့ သူမခင်ပွန်းကို သြဇာအာဏာကြီးမားလာအောင် ဘယ်လိုကူညီမလဲ။ အသွင်အပြင်မတူတဲ့သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်ဆိုတာ ပေါက်ဖွားလာမှာလားဆိုတာ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်ပါ❣️