Movie Name
My Chilling Roommate (2022)
Year
2022
Generes
Comedy, Horror, Romance
Code
KR0247
Type
Movie
Size
487 MB
Country
Korea
Description
My Chilling Roomate (2022) အခုမှအသစ်ထွက်ရှိိထားတဲ့ “My Chilling Roommate” ဆိုတဲ့ဇာတ်ကားလေးကတော့ Horror,Romantic-Comedy အမျိုးအစားပဲ ဖြစ်ပါတယ်။ iKON ထဲက Chang Woo နဲ့ Gfriend ထဲက Sowon တို့ ခေါင်းဆေယင်အနေနဲ့ ပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။ ကလေးဘဝတုန်းက သရဲမြင်ခဲ့ဖူးတဲ့အတွေ့အကြုံကနေစပြီး ဆက်တိုက် သရဲတွေကိုမြင်နေရတဲ့ ကောင်မလေး ဂျောင်ဆယ်ရီဟာ သရဲတွေနဲ့ပတ်သက်လို့ကောင်းကောင်းသိနေတဲ့သူလည်းဖြစ်ပြီး သူငယ်ချင်းရဲ့ကဖေးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့သူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကားမ‌တော်တဆမှုတစ်ခုဖြစ်ပွားပြီးမှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့၊ ထူးဆန်းတဲ့ဝိဉာဉ်ကောင်လေး ဆုန်းဂျီချန်းက သူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး တစ်ဦးတည်းသောသူ့ကိုမြင်ရတဲ့ဆယ်ရီ့‌နောက်ကိုတကောက်ကောက်လိုက်ရင်း ၊ အိမ်အထိပါလိုက်လာတဲ့အခါ..။ သူတို့နှစ်ယောက်ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ၊ သူတို့မသိသေးတဲ့အကြောင်းအရာတွေကရောဘာလဲ ၊ ဆုန်းဂျီချန်းကရောမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့သွားမှာလားဆိုတာကို horror အငွေ့အသက်လေးနဲ့အတူ rom-com ဇာတ်လမ်းပုံစံလေးကို မြင်တွေ့ရမှာမို့ အခုပဲကြည့်လိုက်ကြရအောင်နော်။